𝑪𝒉𝒂𝒑𝒕𝒆𝒓 𝑺𝒊𝒙-5𝒕𝒉 𝑺𝒖𝒎𝒎𝒆𝒓

54 9 0
                                    

-It was late August when the 5th summer goes wrong


"မင်းပြောခဲ့ဖူးတဲ့နောက်ဘဝဆိုတာရှိခဲ့ရင်မင်းငါ့ကိုချစ်ခွင့်ပန်မယ်လို့ပြောတယ်။ ဒါဆိုငါကလည်းမင်းကိုလက်ခံပေးမယ်။ ငါယုံကြည်ထားတာ parallel universe ဆိုတာရှိရင်သေချာပေါက်တခြားကမ္ဘာမှာမင်းနဲ့ငါနဲ့နှစ်ယောက်အတူပျော်ရွှင်နေကြလိမ့်မယ် ငါတို့ရဲ့ပုံပြင်လေးကလှပနေပြီးပျော်စရာဇာတ်သိမ်းဖြစ်မယ်ဆိုတာယုံ။

-Once upon a mistake, I loved you and you loved me -THE END-"

ဖတ်နေလက်စ စာအုပ်ရဲ့အဆုံးသတ်ကိုသူပါးစပ်ကနေရေရွတ်မိသည်။ တိတ်ဆိတ်နေတဲ့ဘက်စကတ်ဘောကွင်းထဲတွင် သူနဲ့ဂျယ်မင်းသာနှစ်ယောက်တည်း။

"ဇာတ်သိမ်းသွားပြီလား"

သူ့ပေါင်ပေါ်တွင်လှဲအိပ်နေတဲ့ဂျယ်မင်းကမျက်နှာပေါ်ကိုစာအုပ်တင်ကာ အိပ်စက်နေရာမှ စကားပြောလာတာကြောင့် သူဖတ်လက်စစာအုပ်ကိုပိတ်ကာ ဂျယ်မင်းကိုငုံကြည့်လိုက်သည်။

"ငါကမင်းအိပ်နေတယ်ထင်တာ"

"အဲ့တော့...ဇာတ်လမ်းကဘာဖြစ်သွားတာလဲ"

"မညားသွားဘူးလေ"

"ဝမ်းနည်းစရာပဲ"

ဂျယ်မင်းကစိတ်ရှုပ်တဲ့ပုံစံမပေါ်ဘဲ တည်ငြိမ်တဲ့လေသံဖြင့်ပြောလာသည်။ မျက်နှာပေါ်ကစာအုပ်ကိုဖယ်လိုက်ကာ သူ့ကိုကြည့်လာသည်။

"ဇာတ်လမ်းရဲ့နာမည်ကဘာလဲ...ငါမေ့သွားလို့"

"𝑻𝒐 𝑴𝒚 𝑭𝒊𝒓𝒔𝒕 တဲ့...အချစ်ဦးအကြောင်းရေးထားတဲ့ဝတ္ထုအတိုလေ"

(A/N-မှတ်မိကြလားမသိဘူး Graceပထမဆုံးရေးထားတဲ့ Nomin fanficလေးပါ(ˆ▽ˆ) အဲ့ဒီficလေးကို ဝတ္ထုအနေနဲ့ပြန်ထည့်ထားတာပါ)

"အချစ်ဦးလား....တော်ရုံလူတွေကအချစ်ဦးနဲ့မညားကြတာပဲကို"

ဂျယ်မင်းကသူ့ပေါင်ပေါ်မှာလှဲအိပ်နေရာကနေထလာသည်။

"မင်းရော...အဲ့ဇာတ်လမ်းထဲမှာဘယ်သူကပိုချစ်တယ်လို့ထင်လဲ"

ဂျယ်မင်းမေးလာတဲ့မေးခွန်းကြောင့် သူဖတ်ထားတဲ့ဝတ္ထုကိုအစအဆုံးပြန်စဉ်းစားဖို့ ကြိုးစားနေရသည်။

"ပထမကောင်လေးကအရင်ချစ်တယ်လို့ထင်ရပြီးနာကျင်ရပေမဲ့...တကယ်တမ်းဒုတိယကောင်လေးကမှ နောက်ကွယ်မှာတစ်ယောက်တည်းကြိတ်ခံစားနေရတာ...ပြီးတော့သူကဆုံးသွားတာလေ...အနည်းဆုံးတော့ပထမကောင်လေးကလက်ထပ်သွားနိုင်သေးတာပဲလေ သူရဲ့အချစ်သစ်နဲ့"

𝐓𝐡𝐞 𝟔𝐭𝐡 𝐒𝐮𝐦𝐦𝐞𝐫 [𝐍𝐨𝐦𝐢𝐧]Where stories live. Discover now