{ 8 🌻 }

117 16 0
                                    

" မေ့လိုက်ပါတော့လား လီဆာရယ်.."

" ကင်မ် မနေ့က ပြောထားတာ နေကြာခင်းလိုက်ပို့ပေးပါတဲ့ နောက်နှစ်ရက်နေရင် နာယွန်းတို့မဂ်လာပွဲကို တက်ရအုံးမှမလား နင်နားနေတော့ ဂျီဆူး.."

" အမေနဲ့ ငါအတွက်ဆိုပြီး သူကိုမေ့ပေးလို့ မရဘူးလာ လီဆာရယ် ဟင်.."

" ငါအတွက် ခက်ခဲနေတာ နင်မြင်ရဲ့သားနဲ့ ဂျီဆူးရယ် ငါကိုအတင်းဖိအားမပေးပါနဲ့လား ငါနင်ကိုတောင်းဆိုတာပါ။.."

လီဆာပြောကာ ဂျိန်းဆီ သွားမလို့လုပ်၏။ ဂျီဆူးဆီက အသံကြောင့် လှမ်းနေသည့် ခြေလှမ်းတွေကို ခေတ္တရပ်လိုက်သည်။ စက္ကန့်ပိုင်းလောက်ပါပဲ..

" လီဆာ!.. နင် ဒီတံခါးဝကနေ ကျော်သွားရင် နင် ငါညီမ မဟုတ်တော့ဘူး!.."

ကျော်သွားတယ် အစ်မဖြစ်သူရဲ့ခံစားချက်ကိုတောင်၊ မငဲ့ညာပဲ လီဆာ ထွက်သွားခဲ့တယ်။ လီဆာက အမေနဲ့သိပ်တူတာပဲ ဒီအရာက ကိုယ်အတွက်နာကျင်နေမှန်းသိတာတောင်၊ အတင်းတိုးဝင်ချင်းနေတာ..

ဂျီဆူး ပြောလို့မရတော့မယ်ချင်း အတူတူ လီဆာလုပ်ချင်းတာ လုပ်ဖို့ ဂျီဆူးခွင့်ပြုလိုက်သည်။

" လီဆာကို စောင့်ရှောက်ပေးပါအုံး အမေရယ်.."

ဂျီဆူး ကျနေသည့် မျက်ရည်များကို သုတ်ကာ ထရပ်လိုက်သည်။

🌼

" လီဆာ.."

" ဟုတ်ကဲ့ မဒမ်.."

" ပြောထားတယ်မလား ကင်မ်လို့ခေါ်ဖို့လေး.."

" ဟုတ်ကဲ့.."

" လီဆာ.."

" ဟုတ်ကဲ့ လီ နားထောင်နေပါတယ်ကင်မ်.."

" ချစ်ရတဲ့သူ ရှိလား.."

မိနစ်အနည်းငယ် ကြာသည့်အထိ တိတ်ဆိတ်သွားသည့် စကားဝိုင်း..

" ရှိပါတယ် ကင်မ်.."

လီဆာ ဆီက ချစ်ရတဲ့သူ ရှိတယ်ဆိုတဲ့ စကားကြောင့် ဂျိန်း မျက်ခုံကျုံ့မိသည်။ သို့ပေမယ့် ဂျိန်းနဲ့လီဆာဟာ၊ ဘယ်လို့မှ မသက်ဆိုင်တာမို့၊ ဂျိန်းသိချင်းတာတွေ ထပ်မေးဖို့ ပြင်လိုက်သည်။

" ဖွင့်ပြောဖို့ ကြိုးစားဖူးလာ လီဆာ.."

" ဟုတ် လီ ကြိုးစားဖူးပါတယ်။.."

𝐿𝑜𝑣𝑒 𝑠𝑡𝑜𝑟𝑦[1897]Where stories live. Discover now