/1/

33 3 4
                                    

လက္ဖက်ရည်ဆိုင်၏ တံခါးများနှင့် ပြတင်းပေါက်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ကြမ်ပြင်ပေါ်၌လည်း ထိန်လင်းခြင်းမရှိတော့သော  ဆီမီးအိမ်များက ပြန့်ကြဲနေလေ၏။

အပြင်ဘက်၌မူ မီးတုတ်များကိုင်ဆောင်ထားသော လေးသမားများက ထိုနေရာကို ဝိုင်းထားကြသည်။

ရှီးယန်၏ ကိုယ်မှာ ယိမ်းနွဲ့နေသော မီးတောက်ဖြင့် ထွန်းလင်းထားခြင်းခံရသော်လည်း ပုံရိပ်မှာ မှုန်ပြပြဖြစ်နေသည်။

“ ဒီလူတွေကို မင်းခေါ်လာတာလား?”

ရှာရွှင်း၏ နှလုံးခုန်းနှုန်းမှာ မြန်လွန်းတာကြောင့် နှလုံးခုန်းသံ မတည်မငြိမ်ပင် ဖြစ်နေချေသည်။

“ .. အင်း”

ရှာရွှင်းမှာ အံကို ကြိတ်လိုက်ပြီး အင်္ကျီလက်အောက်က ဓားမြောင်တိုကို တင်းတင်း ဆုပ်ကိုင်ထားလိုက်၏။

ရှီးယန်၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်ကို သူရှာကြည့်လိုက်သည်။ သူ့အဖေကို သတ်ခဲ့တုန်းကလို ခက်ထန်မှုမျိုးများ ရှိနေမလားဆိုသည့်စိတ်နှင့်။

သို့သော် ရှီးယန်၏ အမူအရာမှာ တစ်ချက်ကလေးမျှ မပြောင်းလဲသွားခဲ့။ သူက စိတ်ခံစားချက်ပြင်းထန်ပုံရသော အကြည့်နှင့် သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။

သူ ရှားရွှင်းကို ပြောလာခဲ့သည်။

“ မင်း ကိုယ့်ကို သတ်မှာလား?”

ထိုသို့ ဆိုရင်း သူရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။

ရှားရွှင်းက ခပ်ပြတ်ပြတ်ဖြင့်ပင် အော်လိုက်လေသည်။

“ ရှေ့ကို မလာခဲ့နဲ့။”

သူ့မှာ စိတ်လှုပ်ရှားလွန်းတာမို့ အသံကလည်း စူးရှစွာ ထွက်လာခဲ့သည်။

“ ငါ့ကို လွတ်ပေး။ မဟုတ်ရင် အပြင်က လေးသမားတွေ… .ခင်ဗျား ဘာလုပ်နေတာလဲ?”

ရှီးယန်မှာ မရပ်တန့်သွားတာသာမက သူ့ဆီသို့ပင် ထပ်၍ လှမ်းလာခဲ့လေသေးသည်။

“ ငါပြောတာ မကြားဘူးလား။ ” ရှာရွှင်း၏ အသံမှာ ကွဲအက်လွန်းတာကြောင့် သူ့ကိုယ်သူပင် ထိတ်လန့်သွားရသည်။

Evening Rain on Guanshan Mountain /ဘာသာပြန်/Where stories live. Discover now