လွန်ခဲ့သော ခြောက်လက ဖြစ်သည်။
ရှားရွှင်းက မြို့တော်ဆီသို့ ရောက်သည်အထိ ရက်နှစ်ဆယ်မျှ လှည်းအိမ်စီးခဲ့ရသည်။
ရှီးယန်၏ အစောင့်များမှာ တစ်ခဏမျှ မနှောင့်နှေးရဲဘဲ နှစ်ဆသော အရှိန်ဖြင့် ခရီးနှင်ခဲ့ကြသည်။
သူ ရှီးယန်နေအိမ်တွင်းသို့ ဝင်လာသည့်အခါ အစေခံက သူ့အား ပင်မအိမ်ဆီသို့ လမ်းပြပြီး အနားယူစေခဲ့သည်။
သူ့မှာ တစ်နေ့လည်ခင်းလုံး တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရဘဲ စောင့်ဆိုင်းနေခဲ့ရသည်။
မှောင်ရီပျိုးလာသည့်အခါ သူ့မှာ ပင်ပန်းနွမ်းနွယ်မှုကြောင့် စားပွဲပေါ် ခေါင်းတင်ကာ အိပ်ပျော်သွားခဲ့သည်။
မှောင်ဖျော့ဖျော့ အလင်းရောင်အောက် အပြင်မှနေ၍ ဝင်လာသော ခြေသံဖွဖွအားကြားလိုက်ရသည့်အခါ သူမျက်လုံးပွင့်လာပြီး ထထိုင်မိသည်။
ဝင်ရောက်လာသူမှာ အလွန်ဖြည်းညှင်းစွာသာ လှုပ်ရှားသည်ဖြစ်၏။ ထိုသူမှာ တံခါးအပြင်ဘက်၌ တစ်ခဏမျှ တုန့်ဆိုင်းနေခဲ့ပြီးမှ တံခါးကို ဖွင့်လျက် ဝင်လာခဲ့သည်။
--- ထိုသူမှာ ရှီးယန်ဖြစ်နေခဲ့၏။
သူက တိုင်လုံးကို ပတ်၍လျှောက်ဝင်လာတာဖြစ်ပြီး ဖယောင်းတိုင်မီးက သူ၏ခြေဖဝါးမှ နေ၍ ခြေထောက်သို့၊ ပြီးမှ ခါးတစ်ခွင်နှင့် ပုခုံးထက်သို့ ထွန်းလင်းလာစေခဲ့သည်။
နောက်ဆုံးမှာတော့ သူ၏ ချောမောသော မျက်နှာမှာ အမှောင်ကနေ ထွက်ပေါ်လာပြီး ဖယောင်းတိုင်မီးဖျော့ဖျော့အောက် မြင်သာလာခဲ့သည်။
ခုနှစ်နှစ်ကြာပြီးတဲ့နောက်မှာလည်း ထိုသူတွင်တမူထူးခြားသည့် မျက်ခုံးတစ်စုံရှိနေသေးသည်ဖြစ်ကာ တစ်ခေါက်တွေ့ဆုံဖူးသူတိုင်း သူ့အား အမှတ်ရနေစေနိုင်သည့် ထူးခြားသည့် သွင်ပြင်ရှိသူဖြစ်သည်။
ရှားရွှင်း၏ အကြည့်များက တစ်ဖက်လူ၏ ခါးဆီသို့ ရောက်သွားမိသည့်အခါ သူ၏ ခါးထက်၌ ရွှေမျှင်နှင့် ရက်လုပ်ထားသော ခါးပတ်အား ပတ်ထားသည်ဖြစ်ရာ အရင်ကထက်ပင် ပို၍ တမူထူးကြည့်ကောင်းနေစေတာကို တွေ့လိုက်ရသည်။
YOU ARE READING
Evening Rain on Guanshan Mountain /ဘာသာပြန်/
Romanceမိသားစုကို ဆုံးရှုံးလိုက်ရသည့် ရှီးယန်သည် ကလဲ့စားချေနိုင်ရန်အတွက် သူ၏ ကိုယ်ရေးအချက်အလက်များကို ဖုန်းကွယ်ထားပြီး ရှားရွှင်းထံ ချည်းကပ်ခဲ့သည်။ ရှားရွှင်းမှာ အမှန်တရားကို မသိခဲ့ဘဲ တစ်ဖက်လူအား လေးလေးနက်နက် ချစ်မြတ်နိုးခဲ့သည်။ သို့ပေမဲ့ နောက်ဆုံးတွင်တော့...