/4/

9 0 0
                                    

ဟေ့ဆုန်းက အံ့သြသွားလေ၏။

“ သူဘာလို့ ဒီရောက်နေရတာလဲ? မင်းဒီရောက်နေတာကိုရော သူက ဘယ်လိုသိတာလဲ?”

ရှားရွှင်းလည်းပဲ အံ့သြသွားမိသည်။ သူက ဘယ်သူမှ သတိမထားမိအောင် ခိုးထွက်လာခဲ့သည်မှာ မှန်သော်လည်း သူထွက်သွားသည်ကို ရှီးယန်က အဘယ်ကြောင့် မြန်မြန်ဆန်ဆန် သိသွားရပါသနည်း? သူ ဟေ့ဆုန်းအိမ်ရောက်နေသည်ကိုရော ချက်ချင်းပင် ခန့်မှန်းမှန်သွားသည်လား?

သူက ဟေ့ဆုန်းအား မေးလိုက်သည်။
“ ရှီးယန်က မင်းနဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ ရှိတာများလား? မဟုတ်ရင်.. သူ့ကို ကျွန်တော် ဘယ်သွားမလဲ ဆိုတာကိုလည်း မပြောထားခဲ့ပါဘူး။”

ဟေ့ဆုန်း မျက်နှာမှာ အရုပ်ဆိုးသွားခဲ့လေတော့သည်။
“ မဟုတ်ဘူး။ မင်းသေချင်ယောင်ဆောင်ကတည်းက လူရှေ့သူရှေ့တောင်မှ ငါ့ကို တည့်တည့်ကြည့်တော့တာမဟုတ်ဘူး။ ငါ့အိမ်လာဖို့တော့ ပြောမနေနဲ့။ ဒီနှစ်တွေ အကြာကြီး လုံးဝလိုအပ်တဲ့ ကိစ္စတွေအတွက်ပဲ မဟုတ်ရင် သူငါ့ကို တစ်ခွန်းမှတောင် ပြောတာမဟုတ်ဘူး။ သူလာတာ မင်းအတွက်ပဲ ဖြစ်ရမယ်။”

ဟေ့ဆုန်းက အရာရှိခေါင်းဆောင်းကို ဝတ်ဆင်လိုက်၏။
“ ငါ အခု သူနဲ့ သွားတွေ့မယ်။ မင်းပြေးချင်ရင် အမြန်သာ ပြေးသွားလိုက်။ ငါသူ့ကို တားထားမယ်။ တရားရုံးတော်က အရာရှိရဲ့ အိမ်ကို သူဖောက်ထွင်းရဲတဲ့ထိ သတ္တိရှိမယ်လို့ ငါမထင်ဘူး။”

သူက ဒေါနှင့်မာန်နှင့် ထွက်သွားလိုက်၏။ ရှားရွှင်းမှာ နောက်မှ လိုက်လာကာ
“ ကျွန်တော် သွားလို့မရဘူး။ သွားမှာလည်း မဟုတ်ဘူး။ မင်းမှာ ဇနီးနဲ့ ကလေးတွေ ရှိတယ်။ ပြီးရင် မင်းးက အရာရှိတစ်ဦးလည်းဖြစ်တာမို့ မင်းသူ့ကို အမှားလုပ်မိလို့ မဖြစ်ဘူး။”

ဟေ့ဆုန်းက လှည့်မကြည့်လာခဲ့။
“ ဘာလို့ ငါက သူ့ကို အမှားလုပ်မိလို့ မရရမှာလဲ? ငါသူ့ကို အတိုက်အခံလုပ်ခဲ့တာဖြင့် အကြိမ်ပေါင်းများလှ ရှိပြီ။ မင်းက ဘာကို ကြောက်နေတာလဲ? မင်းမသွားဘူးဆိုရင်တောင် ငါသွားပြီးတော့ မင်းဘက်ရှိပေးရမှာပဲ။ မင်းကို ကာကွယ်ပေးမဲ့လူမရှိဘူးလို့ သူ့ကို မတွေးစေနိုင်ဘူး။”

Evening Rain on Guanshan Mountain /ဘာသာပြန်/Where stories live. Discover now