ဒေါက်! ဒေါက်
"သားတို့ပြင်ဆင်ပြီးရင်ဆင်းလာခဲ့နော်အန်တီလေးအောက်မှာစောင့်နေမယ်"
"ဟုတ်ကဲ့အန်တီလေး"
ယွန်းဂီအသံကြားတော့မီယွန်းအိမ်အောက်ထပ်ကိုဆင်းသွားတယ်။
"အကျီချွတ်ရအောင်ကလေး ကိုကိုပန်းရောင်လေးရွေးထားတယ်"
ဆော့ဂျင်ခုတင်ခြေရင်းမှာခြေဆင်းထိုင်နေရင်းယွန်းဂီစကားကိုခေါင်းငြိမ့်ကာသဘောကျစွာပြုံးလိုက်တယ်။ ယွန်းဂီဟူဒီပန်းရောင်လေးဝတ်ပေးပြီးအနည်းငယ်ပွသွားတဲ့ဆော့ဂျင်ဆံပင်တွေကိုသေချာဘီးလေးနဲ့ဆံပင်အုပ်အုပ်လေးကိုဖီးပေးလိုက်တယ်။
"ကလေးအဆင်ပြေရဲ့လား"
ယွန်းဂီရေချိုးခန်းထဲဘောင်းဘီလဲဝတ်နေတဲ့ဆော့ဂျင်ကိုအသံပေးလိုက်တော့တံခါးဖွင့်သံနဲ့အတူစတိုင်ပန့်ခဲရောင်လေးဝတ်ပြီးထွက်လာတဲ့ဆော့ဂျင်။
"ကိုကိုတို့အောက်ဆင်းကြရမယ် အန်တီလေးအောက်မှာစောင့်နေတယ်"
ယွန်းဂီအခန်းထောင့်နားကဝှီးချဲကိုသွားယူပြီးဆော့ဂျင်ထိုင်ဖို့ယူလာတယ်။
"ဟျောင်း ကျွန်တော်လမ်းလျှောက်ချင်တယ်"
"မဖြစ်ဘူးကလေး အရင်လမ်းလျှောက်လို့လဲမတော်တဆဖြစ်ပြီးသွားပြီ ကိုကိုဒါတော့ခွင့်မပြုဘူး"
ဆော့ဂျင်မျက်စိကွယ်ခါစကအိမ်ထဲမှာနေရာတိုင်းလိုလိုကိုသူမှတ်မိတာကြောင့်ယွန်းဂီရှိရင်ယွန်းဂီကထိန်းကိုင်ပေးပြီးလမ်းအတူလျှောက်ပေးသလိုဖေဖေနဲ့မေမေရှိရင်အတူတူလျှောက်ပေးပေမဲ့တစ်နေ့ဘယ်သူမှအနားမှာမရှိချိန်တစ်ယောက်ထဲလမ်းလျှောက်ရာကအပေါ်ထပ်လှေကားပေါ်ကပြုတ်ကျမလိုဖြစ်ခဲ့ဖူးတာကြောင့်နောက်ပိုင်းဆော့ဂျင်ကိုဝှီးချဲနဲ့သာနေရာတိုင်းကိုသွားစေတယ်။
"ဟျောင်း ရှိနေတာဘဲလေ ကျွန်တော်အန်တီလေးနဲ့ခန်းမအတူသွားကြည့်မှာဝှီးချဲကြီးနဲ့မသွားချင်လို့နော် လုပ်ပါကိုကိုရာနော်"
ယွန်းဂီလက်မောင်းကိုမမြင်မဆန်းနဲ့ကိုင်ကာလှုပ်ပြီးလိုချင်တာရှိလို့ကိုကိုခေါ်ကာချွဲပြောနေတဲ့ဒီကလေးကိုသူမနိုင်ပါ။
YOU ARE READING
FLAG
Fanfictionမင်းပြောတော့ငါ့ကိုချစ်ပါတယ်ဆို ဟုတ်တယ်ချစ်တယ် ငါကမင်းကိုချစ်တယ် သူ့ကိုလည်းချစ်တယ် နောက်ပြီးငါနဲ့အတူအိပ်တဲ့သူအကုန်ကိုငါချစ်တယ်