0.3

245 54 18
                                    

ဂျောင်ဂုဟိုတယ်ရောက်တော့ ဟိုတယ်ပိတ်သည် ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့လိုက်ရတယ်။ ဂျောင်ဂုခတ်ရေးရေးသာပြုံးလိုက်ပြီးသူနဲ့အတူပါလာတဲ့မိန်းခလေးရဲ့ပခုံးကိုဖက်ကာဟိုတယ်ထဲဝင်လိုက်တယ်။

"အခန်းတစ်ခန်းပေး"

ဧည့်ကြိုကောင်တာကမိန်းကလေးကိုသူလေသံအေးအေးနဲ့ပြောပေမဲ့ကောင်မလေးကခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။

"မင်းစောက်နားမကြားဘူးလား ငါ့ကိုအခန်းတစ်ခန်းပေးဆိုတာ"

"ဟို ဟိုအစ်ကိုလေးအခုကအခန်းတွေကိုဘယ်သူမှပေးမသုံးဖို့ဥက္ကဌဂျွန်ပြောထားလို့ပါ"

ဂျောင်ဂုထင်ပြီးသားပါ။ ဒီလိုပြောလာမယ်မှန်းလည်းသူကြိုတွက်ပြီးသား ဒါပေမဲ့သူကဒီကိုပြဿနာရှာချင်လို့လာတာလေ။

"မင်းကဒီအလုပ်မှာလုပ်ရတာငြီးငွေ့ပြီလား မင်းကိုအလုပ်ထုပ်တယ်အခုထွက်သွား!"

ဂျောင်ဂုရဲ့အသံကျယ်ကျယ်အော်သံကြောင့်စုပြုံလာကြတဲ့လူတွေ။

"ဂျွန်ဂျောင်ဂုမင်းဘာလာလုပ်တာလဲ!"

လူအုပ်တွေရဲ့နောက်ကထွက်လာတဲ့မစ္စတာဂျွန်ကဂျောင်ဂုကိုမျက်မှောင်တွေကျုံ့ကာကြည့်နေတယ်။ မစ္စတာဂျွန်နောက်ကမီယွန်းကလည်းဂျွန်ဂျောင်ဂုဆိုတဲ့ကလေးကိုသူအခုမှတွေ့ဖူးတာဖြစ်သည်။

"အဖေမြင်သလိုဘဲလေ ဘာတွေထူးဆန်းနေလို့လဲ"

ဂျွန်ဂျောင်ဂုတစ်ခါတစ်လေသူတို့ဟိုတယ်အထိအခုလိုမိန်းကလေးတွေခေါ်ပြီးအိပ်တက်တာမစ္စတာဂျွန်သိတယ်။ ဒါကထူးဆန်းနေတာမဟုတ် အခုကတမင်လာလုပ်နေမှန်းမစ္စတာဂျွန်သိတယ်။

"အခန်းတွေအကုန်လာမဲ့ဧည့်သည်တွေနားဖို့အတွက်စီစဉ်ထားတာဂျောင်ဂု! အဖေမင်းကိုတောင်းဆိုတယ်မင်းမှာနေရာတွေအများကြီးပါ"

"အစ်ကိုရယ်သားကိုတစ်ခန်းပေးလိုက်ပါ ဂျောင်ဂုလေးလည်းဒီရောက်နေပြီးမှပြန်မခိုင်းပါနဲ့တော့"

မီယွန်းရဲ့သားဆိုတဲ့အသုံးအနှုန်းကြောင့်ဂျောင်ဂုမျက်မှောင်ကျုံ့ကာမီယွန်းကိုအကြည့်ဆူးဆူးကြည့်လာတော့မီယွန်းလည်းဂျောင်ဂုသဘောမကျမှန်းရိပ်မိတာကြောင့်နာမည်သာခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။

FLAG Where stories live. Discover now