0.6

279 53 10
                                    

လူဝစ်နဲ့ဒေးဗစ်တို့ဂျောင်ဂုအိမ်ကိုရောက်နေသည်။ မဂ်လာပွဲပြီးထဲကဟန်းနီးမွန်းဆိုပြီးထွက်သွားတဲ့အဖေက၂ရက်ကြာတဲ့အထိပြန်မလာသေး ဒါကိုလည်းဂျွန်ဂျောင်ဂုစိတ်မဝင်စားပါ။ အပြင်ထွက်မလည်ချင်တာနဲ့လူးဝစ်နဲ့ဒေးဗစ်တို့နဲ့ဂိမ်းပြိုင်ဆော့နေလိုက်တယ်။

ဂိမ်းပွဲပြီးသွားလို့အရက်သောက်နေကြတဲ့‌ဂျောင်ဂုနဲ့လူးဝစ်၊ဒေးဗစ်။ ဒေးဗစ်ကဂျောင်ဂုရှေ့ကိုipadတိုးပေးလာသည်။ လူးဝစ်ကစကားစ၍စုံစမ်းရသမျှကင်ဆော့ဂျင်အကြောင်းတွေပြောလာသည်။

" ကင်ဆော့ဂျင် အသက်က၂၅ခွဲစိတ်အထူးကုဆေးဘွဲ့ကိုလန်ဒန်မှာရထားတယ် ဘွဲ့ရပြီးကားမတော်တဆမှုကြောင့်လုပ်ငန်းခွင်မဝင်ရဘဲ ဆွစ်ဇလန်ကမိဘတွေနဲ့ပြန်နေပြီး အခုလိုဒုက္ခိတလူလိုမျိုးဖြစ်သွားတယ်"

ဂျောင်ဂုipadပေါ်ကဂျူတီကုတ်အဖြူတတ်ထားတဲ့ကင်ဆော့ဂျင်ပုံတော်တော်များကိုကြည့်နေတယ်။

"ကင်ဆော့ဂျင်ကသူတို့ကျောင်းမှာတော့kingလို့ပြောရမယ်။ ယောက်ျားရောမိန်းမရောသူကိုစွဲလမ်းကြတယ်။ ဒီပုံတွေကသူတို့ကျောင်းmajor pageမှာတင်ထားတဲ့ပုံတွေ ကင်ဆော့ဂျင်ပုံအောက်မှာပေးထားတဲ့မှတ်ချက်တွေဆိုတာလည်းဘယ်လောက်ချစ်ကြောင်းမြတ်နိုးကြောင်းဆိုတာပလူပျံနေတာ"

ဂျောင်ဂုထောင်ကျော်ရှိတဲ့commentတွေကိုဝင်ကြည့်ပြီးတစ်ခုချင်းစီကိုဖက်ကြည့်တယ်။

'ငါကဆရာဝန်ဆိုပေမဲ့ဒီလိုဒေါက်တာဆီမှာတစ်သက်လုံးဆေးကုခံချင်လိုက်တာ'

'ခွဲစိတ်ဆရာဝန်လောင်းကိုကိုယ့်ရဲ့အိမ်သူဖြစ်စေချင်လိုက်တာ'

'ခွဲစိတ်ဆရာဝန်လေးကိုယ့်နှလုံးသားကိုတော့မခွဲပါနဲ့နော်'

'ဆရာဝန်လေးကချစ်စရာလေးကွာ'

'အေးကွာငါတို့မေဂျာမှာဘာလို့ဒီလိုအချောအလှလေးမရှိရတာလဲ'

'ဟဲ့အပေါ်ကအကောင်တွေနင်တို့အင်ဂျင်နီယာမေဂျာကကောင်တွေမဟုတ်လား'

'ကိုယ့်မေဂျာနဲ့ကိုယ်နေကြစမ်းပါသွား!သွား'

မေဂျာမတူတဲ့သူတွေကပါကင်‌ဆော့ဂျင်ကိုစိတ်ဝင်စားကြသည်။ ကင်ဆော့ဂျင်ကလူတိုင်းရဲ့အချစ်ကိုရနေတာသူမကြိုက်ပါ။

You've reached the end of published parts.

⏰ Last updated: Oct 06 ⏰

Add this story to your Library to get notified about new parts!

FLAG Where stories live. Discover now