0.4

266 57 10
                                    

မဂ်လာဆောင်နေ့

မဂ်လာဆောင်ကဂျေဟိုတယ်မှာလုပ်တာကြောင့် မဂ်လာဆောင်ရက်မတိုင်ခင်ညနေပိုင်းလောက်ထဲကဆော့ဂျင်တို့တွေ ဂျွန်ဟို‌တယ်ကိုရောက်နေကြတယ်။

တစ်ယောက်ထဲနေလို့မရတာကြောင့်ဆော့ဂျင်နဲ့ယွန်းဂီကတစ်ခန်း မိဘနှစ်ယောက်ကတစ်ခန်း အန်တီလေးကတော့တစ်ခန်းယူထားကြတယ်။

"ဟျောင်းကျွန်တော်အဆင်ပြေရဲ့လား"

hanbokပန်းရောင်နဲ့အဖြူရောင်ကိုဝတ်ဆင်ထားတဲ့ဆော့ဂျင်ကသူတစ်ခါမှမဝတ်ဖူးတာကြောင့်စိတ်လှုပ်ရှားနေတယ်။

"ကိုကို့ကလေးကထင်ထားတာထက်ကိုပိုချစ်ဖို့ကောင်းနေတယ် ကလေးနဲ့ယှဉ်ရင်ကိုကိုကတောင်ကြည့်ရဆိုးသွားသလိုဘဲ"

ဆော့ဂျင် ယွန်းဂီရဲ့အရွန်းဖောက်လာတဲ့စကားကိုသွားတန်းဖြူဖြူလေးတွေပေါ်သည်အထိသဘောကျရီမောလာတယ်။

"ဟျောင်းလည်းချောနေမှာပါ ဘာလို့ဆိုကျွန်တော်ရွေးပေးထားလို့လေ"

ယွန်းဂီhanbokနဲ့ဆော့ဂျင်hanbokကိုဆော့ဂျင်သူ့ကြိုက်တဲ့အရောင်တွေပြောပြီးရွေးထားခြင်းကြောင့်သူရွေးတာဝတ်ထားတဲ့ယွန်းဂီကလည်းချောနေမှာဖြစ်ကြောင်းကိုယုံကြည်ချက်ရှိစွာပြောလာတယ်။

"ကိုကိုတို့လည်းပြင်ပြီးပြီဆိုတော့အဖေနဲ့အမေတို့အောက်မှာရောက်နေပြီသွားရောက်အောင်"

ယွန်းဂီလက်မောင်းတစ်ဖက်ကိုဆော့ဂျင်ချိတ်တွယ်လို့ရအောင်ဆော့ဂျင်အနားကပ်လိုက်တယ်။

"ကျွန်တော်လမ်းမလျှောက်ချင်တော့ဘူးဟျောင်း ကျွန်တော်ကိုဝှီးချဲ‌ပေးပါ"

ပြုံးရယ်ခဲ့တဲ့ဆော့ဂျင်ဟာသူမဟုတ်ခဲ့သလိုမျက်နှာလေးညှိုးကျကာအနီးနားကခုတင်ပေါ်ထိုင်လိုက်တယ်။

ဆော့ဂျင်ရဲ့စကားကြောင့်ယွန်းဂီမစ္စတာဂျွန်ရဲ့သားကိုသေစေချင်လောက်အောင်မုန်းပါသည်။ အဲ့ကောင်စကားကြောင့်ဆော့ဂျင်ရဲ့နလန်ထခါစစိတ်တွေဟာပြန်အရိုက်ချိုးခံလိုက်ရသလိုသူ့ကိုသူယုံကြည်မှုပြန်မဲ့လာသည်။

ပြဿနာဖြစ်ပြီးတဲ့နေ့ကဆိုသူနဲ့အန်တီလေးအပြင်အဖေအမေတို့ကိုပါစကားမပြောဘဲအိပ်ယာထဲခွေနေခဲ့တဲ့အထိ။ ထိုနေ့ညကခုတင်ထောင့်စွန်းကပ်အိပ်နေတဲ့ဆော့ဂျင်ရဲ့ငိုသံကိုကြားရချင်းကယွန်းဂီရင်ထဲပူလောင်စေတယ်။ သူဒီကလေးငိုတာကိုမမြင်ချင်ဆုံးပါ။ အခုကအန်တီလေးရဲ့မဂ်လာဆောင်ဖြစ်နေလို့သာဆော့ဂျင်ရွှင်ရွှင်ပြပြရှိနေခြင်းဖြစ်တယ်။ ဒါပေမဲ့အခုတော့ကလေးကဟိုကောင်ပြောခဲ့တဲ့စကားတွေကိုမမေ့သေးပုံရတယ်။

FLAG Where stories live. Discover now