Part 13

134 2 0
                                    

လက်ကိုကိုင်ပါ..

ကားဟွန်းသံကြားလိုက်တော့ စားပွဲပေါ်ကဖုန်းကိုကောက်ကိုင်လိုက်ပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားခဲ့တယ်။
ဟုတ်ပါတယ်၊ ငါညစာစားဖို့အတွက်
Mr.Mafia King နဲ့ အပြင်ထွက်ရမယ်။

ဒါပေမဲ့...
သူ့ကိုလည်း သဘောကျတယ်။

အနက်ရောင် Hoodie နှင့် အားကစားဘောင်းဘီကို ဝတ်ထားသည်။
ပေါ့ပါးသောမိတ်ကပ်ဖြင့် ဆံပင်ကို ချည်နှောင်ထားသည်။
ပြီးတော့ လက်ထဲကသေနတ်တစ်လက်နဲ့ ဓားအသေးလေးတွေကို ငါ့အင်္ကျီအတွင်းထဲမှာ
ထည့်ထားလိုက်သည်။
ဒီနေ့ငါ သူနဲ့အချိန်ဖြုန်းပြီးရင် သူ့ဆီကနေထွက်ပြေးရတော့မယ်။
ငါ ဒါကိုသေချာအောင် လုပ်ဆောင်ရမယ်။

မြေညီထပ်ကိုရောက်တဲ့အခါ ဓာတ်လှေကားထဲကနေထွက်လာပြီး အဆောက်အဦးအပြင်သို့လမ်းလျှောက်သွားလိုက်ပြီး ရုတ်တရက်နှလုံးခုန်မြန်လာသည်။
Zanvil သည် သူ့ကားကိုမှီကာ ဘောင်းဘီ အိတ်ကပ်ထဲလက်ထည့်ထား
လိုက်သည့် သူ့ရဲ့ပုံစံကို ဖော်ပြဖို့အတွက်
တစ်ခုတည်းသောစကားက.. ...

ပူတယ်..၊ဒါမှမဟုတ်.. Sexyလား?

မဟုတ်ဘူးလာရာ ၊ အတွေးတွေကို ဆွဲထုတ်လိုက်ပြီး ဒီည ငါ့ရဲ့တာဝန်ကိုမမေ့ပါနဲ့။

ဒီညတော့ငါ့ရဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ရမယ်။
ငါလုပ်နိုင်ရမယ်။

ကျွန်မသူ့ဆီသို့ရောက်သွားတော့ သူမျက်နှာကအေးဆေးတည်ငြိမ်နေပြီး ဒေါသထွက်နေတဲ့ဆီကို ချက်ချင်းပြောင်းသွားတာ မြင်လိုက်ရသည်။
သူ သူ့ဒေါသကို အမြဲမထိန်းသိမ်းနိုင်ဘူးလား။

"လာရာ မင်းဘာဝတ်ထားတာလဲ"အံကြိတ်ထားသော အသံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။

"အဝတ်လေ"လို့ ရိုးရှင်းတဲ့လေသံဖြင့် ပြန်ပြောလိုက်တယ်။

"အပြးလေ့ကျင့်ဖို့မဟုတ်ဘူး ညစာစားဖို့ငါတောင်းဆိုခဲ့တာ"ဟု သူကပြောသည်။

"ဟုတ်တယ်လေ ၊ ငါတို့ပါတီပွဲသွားတာမှမဟုတ်တာ၊ ဒီတိုင်း အပြင်ထွက်စားတာပဲ မဟုတ်လား"
ကျွန်မ အပြစ်ကင်းစင်စွာ ပြုံးပြလိုက်သည်။

Savage Mafia CoupleWhere stories live. Discover now