Part 16

112 2 0
                                    

နောက်ယောင်ခံ

Lara Pov

ပြုံးရွှင်နေသောမျက်နှာဖြင့် ရုံးခန်းထဲကိုလျှောက်လာခဲ့တယ်။
ဒီလိုပြုံးပြုံးရွှင်ရွှင်ဖြစ်နေတာ နည်းနည်းကြာပြီ။
Zanvilက ငါ့ကိုသစွာဖောက်တာ ဒါမှမဟုတ် ထားခဲ့ရင်တောင် သူနဲ့အတူဖြတ်သန်းခဲ့ရတဲ့အခိုက်အတန့်တွေကို ငါဘယ်တော့မှနောင်တရနေမှာ မဟုတ်ဘူးဆိုတာကို ငါသေချာပေါက်သိတယ်။

ဒီမနက်က အိပ်ရာနိုးလာတော့ သူ့ကိုငါ့ဘေးနားမတွေ့တဲ့အခါ မာရီယာအကြောင်းသတင်းကြားလိုက်ရတဲ့နေ့ကို သတိရမိသွားတာ ဒီမနက်အတွက် ဥပမာတစ်ခုပါပဲ။

.ကျွန်မကြောက်လန့်ပြီး ကုတင်ပေါ်ကနေမတ်တပ်ထရပ်တော့ ပေါင်ကြားက နာကျင်မှုကိုလျစ်လျူရှုလိုက်တယ်။
နောက်တော့ သူ့အင်္ကျီကို စားပွဲပေါ်မှာသပ်သပ်ရပ်ရပ် ချထားတာကိုတွေ့လိုက်တော့ မျှော်လင့်ချက်တွေ စိတ်သက်သာရာ ရသွားစေတယ်။
သူ့အင်္ကျီကိုဝတ်ပြီး အိပ်ခန်းထဲကနေထွက်ကာ အောက်ထပ်ကိုဆင်းလာတော့ မီးဖိုခန်းထဲမှာ အင်္ကျီမဝတ်ထားတဲ့ သူ့ကိုတွေ့လိုက်တယ်။

မာဖီးယားဘုရင်က မနက်စာတစ်ခုခုလုပ်ဖို့ကြိုးစားနေတာကို အံ့သြမိတယ်။
ဒါတွေအားလုံးက ငါ့အတွက်ပဲလေ။
ရိုးရိုးသားသားပြောရရင် သူကငါ့အတွက် မနက်စာချက်ပေးဖို့ ကြိုးစားနေတာက ငါ့အတွက် အရမ်းချစ်စရာ ကောင်းနေတယ်။
ခဏလေး ချစ်စရာလေးလို့ ငါပြောလိုက်တာလား?

သေရောပဲ၊ နောက်ဆုံးတော့ ငါ့အရှက်တွေပျောက်ကွယ်သွားပြီ ထင်တယ်။

******

''လာရာ ကြည့်စမ်း၊ မင်းနဲ့ဒီဟာကကြည့်ကောင်းနေတယ်ထင်တယ်၊ မင်းရောဘယ်လိုလဲ''

''ကျွန်မမှာ ဒီအရောင် Stellaဝတ်စုံတွေအများကြီး ရှိနေပြီ''

''ဒါဆို ဒီဟာရောဘယ်လိုထင်လဲ''

''အင်း ဒီအရောင်ကမိုက်တယ်။''

သူမဒေါသတကြီးအော်လိုက်ပြီး လက်နှစ်ဖက်ကို တင်ပါးအပေါ်တင်လိုက်သည်။
''ငါတို့ ဒီကုန်တိုက်မှာ တစ်နာရီကျော်ရှိနေပြီလာရာ'၊ မင်းဘာမှ မဝယ်ဖြစ်သေးဘူး၊ အထည်တစ်ထည်တောင် မဝယ်သေးဘူး။
ဒါဆို မင်းဘာလို့ စျေးဝယ်ထွက်လာတာလဲ''

Savage Mafia CoupleWhere stories live. Discover now