Part 18

22 0 0
                                    

အံ့အားသင့်စရာ

Lara Pov

မနက်စာချက်ပြီးတာနဲ့ လက်ဖက်ရည်ကိုပြင်ဆင်လိုက်တယ်။
Zanvilက ကျွန်မကို အနောက်ကနေဖက်ထားနေခဲ့တယ်။
သူက ကျွန်မခါးကနေ လည်ပင်းကိုတင်းကြပ်စွာဖက်ထားရင်း နမ်းလိုက်တယ်။

''အနံ့ကအရသာရှိတယ်''လို့ သူပြောလာသည်။

''အရသာလား အစားသောက်အကြောင်းပြောနေတာလား''

''ဟုတ်ပါတယ် ကိုယ်က အစားအသောက်အကြောင်းပြောနေတာ မင်းဘယ်လိုထင်လဲ''သူ့ကိုစိုက်ကြည့်ရင်း ပြုံးပြလိုက်တယ်။

''မထင်ဘူး''လို့ သူ့လက်ကိုလှမ်းဆွဲပြီး စားပွဲပေါ်ထမင်းပန်းကန်ကို ယူရင်းပြောလိုက်တယ်။

''တကယ်လား လာရာ?''
''မင်း အစားသောက်ကိုတောင် မနာလိုဘူးလား?''

''ကျွန်မကိုယုံပါ Zanvil ၊ ကျွန်မဘယ်ကောင်လေးကိုမှ မနာလိုမဖြစ်ဖူးဘူး''

''အိုးး..မင်းတကယ်လား''သူက ပြုံးစိစိနဲ့ ပြောပြီး နှစ်ယောက်သားအတူ မနက်စာ စားကြတယ်။

မနက်စာအတွက် ချိစ်ပန်ကိတ် ၊ ဝတ်အူချောင်းနဲ့ လက်ဖက်ရည်တွေဖြစ်ပြီး ငါချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားရင်းညည်းတွားလိုက်ကာ ''ဒါက အံ့သြစရာပဲ ၊မင်း ဒါကိုတကယ်ချက်ခဲ့တာလား''

ကျွန်မသူ့ကို မျက်လုံးလှန်ကာ စိုက်ကြည့်လိုက်ပြီး ''မဟုတ်ဘူး၊ မနေ့ညကလာပို့တဲ့ကောင်လေးဆီက ရတာ''ပြောလိုက်တော့ သူက ကျွန်မကိုစိုက်ကြည့်လိုက်တယ်။.

''မဟုတ်ဘူး Zanvil ငါချက်ခဲ့တာ ၊ ဒီချက်နည်းကို ငါ့အမေဆီကနေငါသင်ယူခဲ့ရတယ်''

သူ့ကိုညည်းညူကာ တုံ့ပြန်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ ဘုရားသခင် သူ၏ဒေါသကိုအမှန်တကယ် ထိန်းချုပ်ရန်လိုအပ်တယ်။ ဒါပေမယ့် အမှန်တိုင်းပြောရရင် သူ့ဒေါသမျက်နှာကို ဘာလို့ကြောက်နေမှန်းမသိဘူး။

''ဒီနေ့ အလုပ်မသွားဘူးလား''လက်ဖက်ရည်သောက်ရင်း ကျွန်မကိုအပေါ်အောက်သေချာကြည့်နေတယ်။

''ဟုတ်တယ် ကျွန်မ မသွားနိုင်ဘူး''.

''ဘာကိုဆိုလိုတာလဲ မင်းမသွားနိုင်ဘူးလား''

Savage Mafia CoupleWhere stories live. Discover now