စိတ်ဆိုးခြင်း
Lara Pov
ငါ့ဒဏ်ရာကို ကုသပေးရင်း စိတ်မကြည်စွာ စေ့စေ့ကြည့်မိလိုက်တယ်။
အိမ်ပြန်လာတုန်း လမ်းမှာချော်လဲသွားတာလို့သူ့ကို ပြောပြလိုက်ပေမယ့် အခုချိန်ထိသူဒေါသထွက်နေတာကြောင့် စကားတစ်ခွန်းမှပြောမလာသေးပေ။သူ့မျက်လုံးတွေအခုတော့ အာရုံစူးစိုက်နေတာကိုသတိထားမိတယ်။
ဟုတ်ပါတယ်။
သူငါ့ကို ဂရုစိုကိပေးနေတယ်။
ဒါပေမယ့် ဒီတိတ်ဆိတ်စွာဆက်ဆံနေတာကို ငါမုန်းတယ်။ သူက ကျွန်မလည်ပင်းကိုလုပ်ပေးပြီးတာနဲ့ပိုဆိုးတဲ့နေရာကို ဆက်လုပ်ပေးဖို့ပြင်နေတယ်။
ရုတ်တရက်စိတ်ထဲမှာအတွေးတစ်ခု ဖြစ်ပေါ်လာတယ်။သူကအရက်ပြန်ထဲ ဂွမ်းစကိုနှစ်ပြီး ကျွန်မဆီသန့်ရှင်းစေဖို့လုပ်တော့ ကျွန်မ '' Ahh...''လို့အော်လိုက်တယ်။
သူ့မျက်နှာ အနည်းငယ် စိတ်ပူသွားခဲ့တယ်။''အဆင်ပြေလား လာရာ၊ တောင်းပန်ပါတယ် ငါနည်းနည်းသတိထားပါ့မယ်''လို့ မကုသခင်ကျွန်မကို ထပ်ခါထပ်ခါပြောနေတယ်။
သူကမျက်ခုံးပင့်ပြီး ''အရမ်းမထိပါဘူး''ပြောတယ်။''မထိရင်တောင် နာကျင်ရတယ်''လို့ ပြောလိုက်ပြီး နာကျင်လွန်းလို့ မျက်လုံးမှိတ်ထားလိုက်တယ်။
အဲ့ဒီနောက်တော့ သူကကျွန်မဒဏ်ရာကို ပြန်ပြီးကုသခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ညှင်သာစွာဂရုစိုက်ပေးခဲ့တယ်။ ကျွန်မနာကျင်မှုကိုအံကြိတ်ရင်း ''အခုတော့ မင်းလူယုတ်မာလေးအရမ်းနာတယ်''
''နာစမ်း''လို့ခံစားချက်မဲ့မျက်နှာနဲ့ ပြောပေမယ့်သူ့နှုတ်ခမ်းတွေက အနည်းငယ်တုန်ယင်နေခဲ့တယ်။
သေနာကောင်။
ငါ့ရဲ့အနာပေါ်မှာ ဆေးလိမ်းပြီးတဲ့အခါ ငါ့လက်ကိုသူ့ပါးပြင်ပေါ်မှာ တင်လိုက်တယ်။ သူကမျက်လုံးတွေမှိတ်ပြီး ကျွန်မရဲ့အထိအတွေ့တွေကို သူခံစားနေတယ်။
''တောင်းပန်ပါတယ်၊ ရှင့်ကိုဖုန်းဆက်မယ်လို့ ကတိပေးထားပြီး အဲ့ဒီလိုပေါ့ပေါ့ဆဆလျှောက်သွားပြီး လျှော်မလဲသင့်ဘူး''
YOU ARE READING
Savage Mafia Couple
Mystery / ThrillerရုရှားMafiaဘုရင်နှင့် အီတလီMafiaရဲ့သမီး လူသတ်သမားလေး အကြောင်းပါ ..... မင်းသမီးက လူသတ်တဲ့နေရာမှာအလွန်ရက်စက်ပြီး သွေးအေးတဲ့လူပါ.. သူငယ်ချင်းဖြစ်သူ သေဆုံးမူ့ကြောင့် လက်စားချေဖို့အတွက် လိုက်သတ်နေရင်း ရုရှားMafiaဘုရင် ပိုင်နက်ထဲရောက်သွားပြီး...ဘယ်လိုတွ...