Part 14

108 0 0
                                    

ငါ မင်းကို လိုချင်တယ်။

ဘာလုပ်ရမှန်း မသိ၊ ဘယ်လို တုံ့ပြန်ရမှန်း မသိလို့ ဒီနေရာမှာပဲ ရပ်တန့်နေမိတယ်။
Zanvilက သူ့လက်ထဲမှာ သေနတ်ကိုင်ထားပြီး အနီးနားမှာရပ်နေတာကို တွေ့လိုက်ရတယ်။
ပြီးတော့ သူ့ခန္ဓာကိုယ်မှာ ဒေါသကြောင့်တုန်လှုပ်နေကာ သူ့မျက်နာပေါ်မှာလည်း ဒေါသတွေဖြင့် ပြည့်နှက်နေခဲ့တယ်။

သွေးတွေနဲ့ ဖုံးလွမ်းကာ ကြမ်းပြင်ပေါ်မှာလဲနေတဲ့ ခန္ဓာကိုယ်ဆီသို့ တစ်ချက်မကြည့်ပဲနဲ့ ကျွန်မဆီသို့သာ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာခဲ့သည်။
သူ ကျွန်မနားရောက်လာတော့ ကျွန်မလက်ကို သူ့ပုခုံးပေါ်တင်လိုက်ပြီး သူ့မျက်လုံးတွေက ကျွန်မကိို စိုက်ကြည့်နေခဲ့သည်။

ကျွန်မဘာအသံတစ်ချက်မှ မထွက်ခဲ့ပဲ၊ ငါတို့တစ်ယောက်ကိုတစ်ယောက်ငေးကြည့်ရုံနဲ့ ငါ့ရဲ့ အထိအတွေ့တွေအောက်မှာ သူငြိမ်သက်သွားသလိုခံစားရတယ်။
သူက ကျွန်မကို ဟိုတယ်ကနေခေါ်ဆောင်လာခဲ့သည်။

ကားထဲမှာ တိတ်ဆိတ်နေကြကာ သူက ကျွန်မအိမ်ဆီသို့ လိုက်ပို့ပေးသည်။ တစ်စုံတစ်ခုကို နက်နက်နဲနဲတွေးနေခဲ့ပြီး အခုငါ့ရဲ့တာဝန်ကို အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ အခုချိန်မှာတွေးနေတာကြောင့်စကားမပြောချင်တော့ဘူး။

ကျွန်မတိုက်ခန်း အဆောက်အဦးရှေ့မှာ ကားရပ်လိုက်တာနဲ့ ကားတံခါးကို တွန်းဖွင့်လိုက်ပေမယ့် သူအခုပြောလိုက်တာကို အမှတ်တမဲ့ ဖြစ်သွားသည်။

"ဘာလို့ ခုနက ကိုယ့်ကိုဘာမှ မမေးတာလဲ"

"ဘာအကြောင်းလဲ'..?'' အိုးးး.....

"ဘာဖြစ်လို့လဲ"

"မင်းအရှေ့မှာ လူတစ်ယောက်ကို သတ်မိလို့
ကိုယ့်ကို စိတ်မဆိုးဘူးလား"

အခုကျွန်မ အံ့အားသင့်သွားမိတယ်၊ ငါသူ့ကို ဒေါသထွက်နေလို့ တိတ်ဆိတ်နေတယ် သူထင်နေတာလား။

"အမ်..ဘာလို့စိတ်ဆိုးရမှာလဲ?" ကျွန်မဘဝမှာ ပထမဆုံးအကြိမ် လူသေတာကိုမြင်လိုက်ရတာမျိုးမှ မဟုတ်တာ''လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

Savage Mafia CoupleWhere stories live. Discover now