(၂) နတ်ပြည်များအချိန်ဆန့်ခြင်း Time Dilation in Deva Domains

2 0 0
                                    

ဒီတစ်ပိုင်းမှာတော့ နတ်ပြည်မှာတစ်ရက် လူပြည်မှာဆယ်နှစ် စသဖြင့် ငယ်ငယ်က ကြားဖူးခဲ့တဲ့ myth တွေနဲ့ ရှေးကျမ်းတွေမှာ လူ့ပြည်ကို ခဏခဏဆင်းနေတဲ့ နတ်တွေ အခုဘာလို့မတွေ့လဲဆိုတာ လေ့လာကြည့်ရအောင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီတစ်ပိုင်းမှာတော့ နတ်ပြည်မှာတစ်ရက် လူပြည်မှာဆယ်နှစ် စသဖြင့် ငယ်ငယ်က ကြားဖူးခဲ့တဲ့ myth တွေနဲ့ ရှေးကျမ်းတွေမှာ လူ့ပြည်ကို ခဏခဏဆင်းနေတဲ့ နတ်တွေ အခုဘာလို့မတွေ့လဲဆိုတာ လေ့လာကြည့်ရအောင်

အရင်ပို့စ်တွေမှာ ရေးခဲ့သလိုပဲ နတ်တွေဟာ Advanced Civilizations ကြီးတွေမို့ Bio-tech တွေ အရမ်းတိုးတက်ပါတယ်၊ ဒါ့ကြောင့် သူတို့ရဲ့ မူလသက်တမ်းတွေကိုက လူတွေထက် အဆမတန်ရှည်လျားပါတယ်

ကျမ်းတွေအရ စတုမဟာရာဇ် နတ်တွေဟာ နှစ်ငါးရာ
တာဝတိံသာနတ်တွေဟာ နှစ်တစ်ထောင်
ယာမာနတ်တွေဟာ နှစ်နှစ်ထောင်
တုသိတာနတ်တွေဟာ နှစ်လေးထောင်
နိမ္မာနရတိနတ်တွေဟာ နှစ်ရှစ်ထောင်
ပရနိမ္မိတဝသဝတ္တီနတ်တွေဟာ နှစ်တစ်သောင်း စသဖြင့် အသက်ရှည်ကြပါတယ်၊ ကိုယ်တွေ အသက်တစ်ရာမနေရတဲ့သူတွေတောင် ဒီလောက်အတ္တကြီးနေကြတာ နတ်တွေကတော့ ဆိုဖွယ်ရာမရှိ

အသက်ရှည်ရတာကလည်း ဒီ Civilization ကြီးတွေအတွက် မထူးဆန်းပါဘူး၊ မကောင်းရင် မကောင်းတဲ့အပိုင်းကို ဖြုတ်လဲလိုက်ရုံပဲလေ၊ ဒါမှမဟုတ် Body တစ်ခုလုံး လဲလိုက်လို့လဲ ရတာပဲ၊ အလုံးချိန်းတယ် ခေါ်ရမလားပဲ၊ အဲ့သည့်လို မူလတည်းက အသက်ရှည်ရတဲ့အထဲ ပိုပြီးထူးခြားတဲ့အချက်က နတ်ပြည်နဲ့ လူ့ပြည်ဟာ အချိန်ကွာခြားနေပါတယ်

မနောရထပူရဏီ ကျမ်းတွေအရ စတုမဟာရာဇ်တစ်ရက် လူ့ပြည်နှစ်ငါးဆယ်
တာဝတိံသာတစ်ရက် လူ့ပြည်နှစ်တစ်ရာ
ယာမာတစ်ရက် လူ့ပြည်နှစ်နှစ်ရာ
တုသိတာတစ်ရက် လူ့ပြည်နှစ်လေးရာ စသဖြင့် စသဖြင့် တိုးတိုးပြီး ကွာခြားသွားပါတယ်

နတ်တစ်ယောက်ရဲ့ သက်တမ်းအစအဆုံး (မွေးစမှ ကွယ်လွန်ချိန်အထိ) ဆိုရင် လူ့ပြည်မှာ နှစ်ကို သန်းနဲ့ချီ ကြာပါတယ်၊ စတုမဟာရာဇ်နတ်ဆို 9 mil earth years
တာဝတိံသာနတ်ဆို 36 mil earth years
ယာမာနတ်ဆို 144 mil earth years
တုသိတာနတ်ဆို 576 mil earth years
နိမ္မာနရတိနတ်တွေဆို 2.3 billion earth years
ပရနိမ္မိတဝသဝတ္တီနတ်ဆို 9.2 billion earth years အစရှိသဖြင့် အသက်ရှည်ကြပါတယ် (ကျမ်းတွေမှာ ရက်လနှစ် တွက်ချက်ပုံကတော့ အတူတူပဲလို့ ဖော်ပြထားပြီး နာရီ မိနစ် တူမတူတော့ ရေးမထားပါဘူး) ဒီလိုအချိန်ကွာခြားချက်ကို သိသိသာသာ ထင်ဟပ်စေမယ့် အကြောင်းအရာတစ်ခု ဓမ္မပဒကျမ်းမှာ ပါဝင်ပါတယ်

အထက်နတ်ပြည်များWhere stories live. Discover now