တုသိတာနတ်ပြည်ရဲ့ အထက် ယူဇနာလေးသောင်းနှစ်ထောင်မှာတော့ နိမ္မာနရတိနတ်ပြည်ကြီး ရှိပါတယ်
ဒီနတ်တွေဟာ အရပ် ၃၇၅၀ ပေမြင့်သလို နတ်အသက် နှစ်ရှစ်ထောင်ရှည်ပြီး 2.3 Billion Earth Year အသက်ရှည်ပါတယ်၊ The beings of this world are 3,750 feet (1,140 m) tall and live for 2,304,000,000 years (Sarvāstivāda tradition).
ဒီနတ်တွေဟာ နဂိုရှိပြီးသားစည်းစိမ်တွေ ရုပ်ရည် အသံတွေကိုသာမက ပိုပြီးသာလွန်တဲ့ စည်းစိမ်တွေကို ဖန်တီးယူနိုင်တယ် ဆိုပါတယ်၊ စာထဲကအတိုင်းပြောရမယ်ဆိုရင် အောက်လေးထပ်ကဲ့သို့ အမြဲတမ်း ဇနီးမောင်နှံများရှိပြီး အပိုအလွန် စည်းစိမ်ခံစားလိုကြသည့်အခါ မိမိတို့လိုရာ အဆင်း၊ အသံ စသည်တို့ကို ကိုယ့်ဘာသာကိုယ် ဖန်ဆင်းကြ၍ ထိုဖန်ဆင်းသော အာရုံ၌ပင် မွေ့လျော် ပျော်ပိုက်နေတတ်ကြသည် တဲ့ (နိမ္မာန - လိုရာစည်းစိမ်ကို မိမိဘာသာဖန်တီး၍ ရတိ - မွေ့လျော်ကြသောနတ်များဘုံ)
Nirmāṇarati निर्माणरति or Nimmānaratī निम्माणरती (Tib: phrul dga; Chn: 化乐天/化樂天; Jpn: 化楽天 Keraku-ten; Burmese: နိမ္မာနရတိ; Thai: นิมมานรติ or นิรมาณรติ)– The world of devas "delighting in their creations". The devas of this world are capable of making any appearance to please themselves.
ဆိုတော့ကာ ဒီတိုင်းပြည်မှာ Metaverse လို server ကြီးတစ်ခုရှိနေပြီး နတ်တွေဟာ ပျော်ချင်တဲ့အခါ ဒီထဲကိုဝင်ပြီး လိုချင်တဲ့ပုံစံ Avatar ဖန်ဆင်း ပျော်ပါးကြတဲ့ ပုံစံမျိုး ဖြစ်နိုင်ပါတယ်၊ ဒီလို concept မျိုးကို ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာရှိပါတယ်
Ready Player One (2018), The Matrix (franchise), The Thirteenth Floor (1999), Tron (1982), Tron Legacy (2010), တို့လို Digital Metaverse တွေအကြောင်း ရိုက်ထားတာတွေရှိသလို West World Series, Avatar (2009) တို့လို Physical World တွေကို ကိုယ်ပိုင် Avatar တွေနဲ့ ဝင်ရောက်တဲ့ ရုပ်ရှင်တွေ ရှိပါတယ်၊
သူတို့သမ္မတကတော့ သုနိမ္မိတနတ်မင်းကြီးပါ၊ သမ္မတကတော် First Lady ကတော့ နာမည်ကြီးတဲ့ ဝိသာခါ ဖြစ်ပါတယ်၊ ဝိသာခါနဲ့ ပတ်သက်ပြီး ဘာသာရေးဇာတ်လမ်းတွေရှိပေမယ့် ဘာသာရေးမို့ မရေးတော့ပါ
The lord of this world is called Sunirmita (Pāli: Sunimmita); his wife is the rebirth of Visākhā, formerly the chief of the upāsikās (female lay devotees) of the Buddha.
ကျမ်းတွေထဲမှာ ထူးခြားတာတစ်ခုကတော့ ဝိသာခါဟာ နိမ္မာနရတိနတ်ပြည်ကနေ အထက်က ပရနိမ္မိတဝသဝတ္တိနတ်ပြည်ကို ပြောင်းသွားတယ်လို့ ဖော်ပြထားပါတယ်၊ (ဝင်စားတာမဟုတ် ပြောင်းရွှေ့သွားတာပါ) ဘာလို့ပြောင်းသွားတာလဲတော့ မသိပါဘူး၊ ယောကျ်ားနဲ့ စိတ်ကောက်တာလား၊ အလုပ်ကိစ္စလား ပညာရေးကိစ္စလား၊ မပြောတတ်ပါ (ဆိုတော့ အဲ့သလိုပြောင်းချင်တိုင်း ပြောင်းလို့ရလားဆိုတာကလည်း တွေးစရာဖြစ်ပါတယ်) ဝိသာခါတို့နတ်တွေဟာ ပေ ၃၇၅၀ မြင့်ပြီး အပေါ်ဘုံကနတ်တွေက ပေ ၄၅၀၀ မြင့်တာမို့ အရပ်ခြောက်ပေရှိတဲ့ သူတွေကြားရောက်သွားတဲ့ ငါးပေအရွယ် လူပုလေးလို ဖြစ်နေပါလိမ့်မယ်
အချိန်လည်းမတူလို့ ယောကျာ်းနဲ့ ဘယ်လိုပြန်ဆက်သွယ်လဲ မသိနိုင်သလို သူပြန်လာရင် သူကသာ ငယ်နေပေမယ့် သူ့ယောကျာ်းက အဖိုးကြီးဖြစ်နေဦးမှာပါ၊ ကျမ်းတွေထဲမှာတော့ အဲ့သည့်မှာပဲ ရာသက်ပန်နေထိုင်သွားတယ် လို့ ဆိုပါတယ်
နောက်တစ်ပိုင်းမှာတော့ ဒီ Universe တစ်ခုလုံးရဲ့ နာမည်ကြီးဗီလိန် မာရ်နတ် နေတဲ့ ပရနိမ္မိတဝသဝတ္တိနတ်ပြည် အကြောင်း ဆက်ပါမယ်၊
YOU ARE READING
အထက်နတ်ပြည်များ
Fantasyဒီတစ်ခါတော့ မြင်းမိုရ်တောင်ထိပ်ကနေ အထက်ကိုဆက်တက်ကြတာပေါ့၊ ပထမတော့ ပြိတ္တာ အသူရကယ် ငရဲ အကြောင်းတွေ စရေးမလို့ပါ၊ ဒါပေမယ့် ဖတ်ရင်းဖတ်ရင်း ထင်ထားတာထက် အရမ်းရှုပ်ထွေးလို့ နတ်ပြည်ပဲ အရင်တက်ဖို့ ပြောင်းစဉ်းစားရပါတယ်၊ တစ်ထပ်ချင်းစီမတက်မှီ သူတို့အကြောင်း အရင...