ဒီတစ်ပိုင်းမှာတော့ နတ်တွေ ဘယ်လိုဘယ်ပုံ သေကြသလဲ ဆိုတာကို လေ့လာကြမှာပါ
မြန်မာကျမ်းတွေအရ နတ်တွေဟာ သေပါတယ်၊ Immortal မဟုတ်တဲ့ သေမျိုးတွေပါပဲ၊ နတ်တွေ သာမက Higher Life Form တွေဖြစ်တဲ့ ဗြဟ္မာကြီးတွေတောင် သေမျိုးဖြစ်ပါတယ်၊ ဒီနေရာမှာတင် အနောက်တိုင်းက Myth တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားခဲ့ပါတယ်
Buddhist devas differ from the western conception of gods and angels in several ways: Buddhist devas are not immortal. Their lives as devas began some time in the past when they died and were reborn. They live for very long but finite periods of time, ranging from thousands to (at least) billions of years.
နတ်တွေဟာ သေမျိုးပေမယ့် အသက်တွေအရမ်းရှည်ကြလို့သာ မာန်တက်ပြီး ဘဝမေ့နေတတ်တယ် လို့ ဆိုပါတယ်၊ ဒီနေရာမှာ ယခင်တုန်းကလိုပဲ ယှဥ်စဥ်းစားမိရင် သဘောပေါက်နိုင်ပါတယ်၊ အချိန်တစ်ပတ်လောက်သာ အသက်ရှင်တဲ့ အင်းဆက်လေးတစ်ကောင်ကို ကိုယ်တွေ အထင်မကြီးသလိုပါပဲ
Each of these groups of deva-worlds contains different grades of devas, but all of those within a single group are able to interact and communicate with each other. On the other hand, the lower groups have no direct knowledge of even the existence of the higher types of deva at all. For this reason, some of the Brahmās have become proud, imagining themselves as the creators of their own worlds and of all the worlds below them (because they came into existence before those worlds began to exist).
မြန်မာကျမ်းတွေအရ နတ်တစ်ယောက် အသက်ပျောက်ဖို့ နည်းလမ်းလေးသွယ် ရှိပါတယ်၊ သက်တမ်းကုန်လို့၊ ကံကုန်လို့၊ အာဟာရကုန်လို့ နဲ့ ဒေါသထွက်လို့ ဖြစ်ပါတယ်။
ပထမနည်းဖြစ်တဲ့ သက်တမ်းကုန်တဲ့နေရာမှာ Maximum Time Limit ကုန်သွားတာကို ဆိုလိုပါတယ် နတ်ပြည်ခြောက်ထပ်အလိုက် အများဆုံးနေရတဲ့ သက်တမ်းတွေကို အရင်ပို့စ်တွေမှာလည်း ဖော်ပြထားပါတယ်၊ မြန်မာကျမ်းတွေအရ စတုမဟာရာဇ် နတ်တွေဟာ နှစ်ငါးရာ
တာဝတိံသာနတ်တွေဟာ နှစ်တစ်ထောင်
ယာမာနတ်တွေဟာ နှစ်နှစ်ထောင်
တုသိတာနတ်တွေဟာ နှစ်လေးထောင်
နိမ္မာနရတိနတ်တွေဟာ နှစ်ရှစ်ထောင်
ပရနိမ္မိတဝသဝတ္တီနတ်တွေဟာ နှစ်တစ်သောင်း စသဖြင့် အများဆုံး အသက်ရှည်ကြပါတယ်၊ ဒီ့ထက်ပိုနေလို့ မရပါဘူး၊ Bio Tech တွေကြောင့်ဖြစ်စေ၊ Clone လုပ်တာ Body လဲတာကြောင့်ဖြစ်စေ၊ ဘယ်လိုပဲ အသက်ကိုဆွဲဆန့်ပေမယ့် အချိန်တစ်ခုရောက်လာရင်တော့ ဆွဲဆန့်လို့ မရတော့တာ ဖြစ်နိုင်ပါတယ်
YOU ARE READING
အထက်နတ်ပြည်များ
Fantasyဒီတစ်ခါတော့ မြင်းမိုရ်တောင်ထိပ်ကနေ အထက်ကိုဆက်တက်ကြတာပေါ့၊ ပထမတော့ ပြိတ္တာ အသူရကယ် ငရဲ အကြောင်းတွေ စရေးမလို့ပါ၊ ဒါပေမယ့် ဖတ်ရင်းဖတ်ရင်း ထင်ထားတာထက် အရမ်းရှုပ်ထွေးလို့ နတ်ပြည်ပဲ အရင်တက်ဖို့ ပြောင်းစဉ်းစားရပါတယ်၊ တစ်ထပ်ချင်းစီမတက်မှီ သူတို့အကြောင်း အရင...