(၅) နတ်လောက Social Life of Deva

2 0 0
                                    

ဒီအပိုင်းမှာတော့ နတ်ပြည်တွေရဲ့ ဆင်းရဲချမ်းသာ ကွာဟပုံနဲ့ နတ်တွေ ဘယ်လိုနေထိုင်ကြသလဲ ဆိုတာကို လေ့လာကြရအောင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီအပိုင်းမှာတော့ နတ်ပြည်တွေရဲ့ ဆင်းရဲချမ်းသာ ကွာဟပုံနဲ့ နတ်တွေ ဘယ်လိုနေထိုင်ကြသလဲ ဆိုတာကို လေ့လာကြရအောင်

ကျမ်းတွေအရ နတ်ပြည်ဟာ အရမ်းကို ပျော်ဖို့ကောင်းပါတယ်၊ လူ့စည်းစိမ်နဲ့ နတ်စည်းစိမ်ဆိုတာ မြက်ဖျားပေါ်က ဆီးနှင်းပေါက်နဲ့ သမုဒ္ဒရာရေများ ကွာခြားသလောက်ကို ကွာခြားပါသတဲ့၊ နတ်တွေအချင်းချင်းမှာလည်း အပေါ်တိုင်းပြည်နဲ့ အောက်တိုင်းပြည် ကွာသလို တပြည်တည်းသား နတ်အချင်းချင်းတောင် စည်းစိမ်ကွာတယ် လို့ဆိုပါတယ်၊

အရင်ပို့စ်တွေမှာပြောခဲ့သလို တာဝတိံသာမှာတောင် သိကြားမင်းထက်ချမ်းသာပြီး အစွမ်းထက်တဲ့နတ်တွေ အများကြီး ရှိပါတယ်၊ စူဠရထနတ်သား၊ မဟာရထနတ်သား၊ အနကဝဏ္ဏနတ်သားတွေ နက္ခတ်ကစားရင် သိကြားမင်းက ရှက်လို့ ရှောင်နေတတ်တယ် တဲ့

The devas of the Kāmadhātu have physical forms similar to, but larger than, those of humans. They lead the same sort of lives that humans do, though they are longer-lived and generally more content; indeed sometimes they are immersed in pleasures.

ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေဟာ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းပြီး တချို့ဆို ယူဇနာတစ်ရာတိုင်တိုင်
လင်းထိန်နေတယ် လို့ ဆိုပါတယ်၊ ဆိုတော့ကာ နတ်တွေမှာလည်း ဆင်းရဲချမ်းသာ ကွာခြားမှု ရှိနေပြီး Capitalism လို စနစ်မျိုးကြောင့် အုပ်ချုပ်သူ လူတန်းစားထက်တောင် ချမ်းသာတဲ့ အုပ်စုတွေ ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်

နတ်တွေမှာ အိုခြင်းဆင်းရဲ (ဇရာဒုက္ခ) မရှိကြပါဘူး၊ နတ်သားတွေဟာ အသက် (၂၀) နတ်သမီးတွေဟာ အသက် (၁၆) နှစ် အရွယ်တွေမှာပဲ တန့်နေကြပြီး အသက်ဆုံးတဲ့အထိ အဲ့သည့်အရွယ်ပဲ ရှိတယ်လို့ ဆိုပါတယ်၊ သွားကျိုး ဆံဖြူ နားအူ မျက်စိမွဲ အရေတွန့်တာတွေ ဘာဆိုဘာမှ မဖြစ်ပါဘူး၊ မုတ်ဆိတ် ကြင်စွယ် ပယ်ဖွယ်ကိစ္စတွေလည်း မရှိကြဘူး လို့ ဖော်ပြထားပါတယ်

အထက်နတ်ပြည်များWhere stories live. Discover now