အပိုင်း(၁၁)

1.5K 242 92
                                    

Unicode

ဂျီမင်း သည် ​ဂျောင်ဂု အိမ်ကဒီလအတွင်းသူ့အနားမှာရှိ​ပေးခဲ့တဲ့ ဦး​လေးဝမ်၊အန်တီချန် နှင့်ရှုနဲ့ချီ ကို​သေချာ​လေးနှု​တ်ဆက်​​တော့ ရှုနဲ့ချီ ကသူမတို့မ​မေ့သွားရန် တဖွဖွ​ပြော​၏။ဂျီမင်း ကလည်းဒီအိမ်သား​တွေအကုန်လုံးကသူ့ကိုမိသားစုတစ်​ယောက်လို​စောက်​ရှောက်ပေးခဲ့တာမို့ ဘယ်​တော့မှ​မေ့မည်မဟုတ်။အန်တီချီကလည်းအစားအ​သောက်အချို့​တွေအားလက်ထဲသို့ထည့်​ပေး၏။

"မထည့်​ပေးပါနဲ့ အန်တီ"

"ယူသွားလိုက် ဂျီမင်း...မင်းကြိုက်မဲ့ဟာ​တွေကြီးပဲ...omega ဆိုတာအစားအ​သောက်အ​ရေးကြီးဆုံးပဲ။ဂျီမင်း အသံ​လေး​တွေကြားရတာမှနှစ်ရက်ပဲရှိ​သေးတယ်...ပြန်ရ​တော့မယ်ဆို​တော့ သတိရ​နေ​တော့မှာပဲ။ကျန်မာ​ရေးလည်းဂရုစိုက်ကွယ်"

"ဟုတ်ကဲ့ပါ...အန်တီ"

ဦး​လေးဝမ်က​တော့ သူ့ပခုံး​လေးကိုပုတ်ကာအားတင်းထားရန်နှင့်ကျန်းမာ​အောင်​နေဖို့သာ​မှာကြား၏။9797 က​တော့ ဂျီမင်းကိုကြည့်ရင်းဝမ်းနည်း​ကြောင်းကို ​ခေါင်း​ပေါ်ကအပြာ​ရောင်အလုံး​လေးအဖြစ်​ပြောင်းသွားရင်းနှုတ်ဆက်၏။

"9797 ဗိုလ်ချုပ် စကားကိုနား​ထောင်​နော်"

"9797 မှတ်သားထားပါတယ် mr.park"

ဂျီမင်း လည်းအကုန်သူအား '​ကျေးဇူးတင်​ကြောင်း'ကို​ပြောလိုက်​တော့သည်။

"သွားရ​အောင် ဂျီမင်း"

အ​နောက်က​နေရပ်​နေ​သောဗိုလ်ချုပ်အသံ​ကြား​လိုက်ရသည်။ယ​နေ့တွင်ဗိုလ်ချုပ်ကစစ်တပ်အဝတ်အစာစအားမဝတ်ထားပဲ ​ပေါ့​ပေါ့ပါးပါးသာဝတ်ဆင်ထား၏။

"ဟုတ်ကဲ့ ဗိုလ်ချုပ်"

​အ​နောက်သို့လှည့်တကြည့်ကြည့်ဖြင့် သူ့ကိုနှုတ်ဆက်နေသည့် ဦး​လေးဝမ်တို့ကို ​ခေါင်းညွန့်ကာဖြင့် အိမ်​ထဲကထွက်လာ​တော့ သာယာနေသည့်​ကောင်းကင်ပြာပြာ​​​ပေါ်တွင်တိမ်လွှာ​လေး​တွေ​ဝေ့ကာဖြင့်ရှိ​နေခြင်းကိုမြင်လိုက်သည်။​လေကိုတဝကြီးရှုလိုက်ရင်း ဗိုလ်ချုပ်ကကားတံခါးဖွင့်​ပေးသည့်မို့ အထဲမဝင်ခင်သူ​ပထမဆုံး​ရောက်ရှိလာသည့် အိမ်ကြီးအားလှည့်ကြည့်လိုက်ရင်းကားထဲသို့ဝင်လိုက်​တော့သည်။

General's Little OmegaWhere stories live. Discover now