Unicode
ဌာနချုပ်တွင် ယနေ့မှာကွင်းဆင်းလေ့ကျင့်ရေးအတွက် ဂျောင်ဂု မှနည်းပြပို့ချပေးပြီး ညနေပိုင်းတွင်အစည်းအဝေးတက်ဖို့စောင့်ဆိုင်းနေလိုက်သည်။ရုံးခန်းထဲတွင် စစ်ဆေးရမည့်မှတ်တမ်းနှင့် အာကာသယဥ်ပေါ်တွင်လိုအပ်သည့်အရာတွေအားဖြည့်သွင်းရန်အကြောင်းကိုဖတ်ရှုနေရင်း ဆိုဘင်း ကိုမေးလိုက်သည်။
"ဆိုဘင်း ငါစုံစမ်းခိုင်းတာလုပ်ခိုင်းပြီးပြီလား"
"ဟုတ်ကဲ့ ဗိုလ်ချုပ်....ကျတော် A နိုင်ငံစစ်တပ်ထဲကသူငယ်ချင်းကိုဆက်သွယ်ထားပါတယ် နှစ်ရက်လောက်နေရင်တော့သိရပါလိမ့်မယ် ဗိုလ်ချုပ်"
"ကောင်းပြီ"
တံခါးခေါက်သံကြောင့် ဆိုဘင်း ကိုဖွင့်ပေးဖို့ပြောလိုက်တော့ ဝင်လာသည့်သူမှာ ဗိုလ်ချုပ်ဂင်ထယ်ယောင်းပင်။
"ဆိုဘင်း hello"
"မင်္ဂလာပါ ဗိုလ်ချုပ်ဂင်"
ဆိုဘင်း နှုတ်ဆက်ပြီး အခန်းထဲကထွက်သွားတော့ ဆိုဖာပေါ်တွင်ပျင်းရီစွာထိုင်လိုက်သော ထယ်ယောင်း ကို ဂျောင်ဂု စကားစပြောလိုက်သည်။
"ဒီနေ့မှပြန်ရောက်တာလား အစ်ကိုထယ်ယောင်း"
"အင်း အာကာသယဥ် CC279 ကချို့ရွင်းချက်ရှိနေတာနဲ့ ပြန်ရောက်လာတာ မင်းရော"
"ဒီလိုပါပဲ"
ထိုစကားလွဲ၍သူ့မှာပြောစရာကမရှိ။အိမ်မှာ omega ရောက်နေတာသိရင် အစ်ကိုကသူ့ကိုအားပေးအားမြှောက်လုပ်မည်ဆိုတာသိသည်။နောက်ပြီး အစ်ကိုထယ်ယောင်းကို သူမယုံ။ကိစ္စတစ်ခုသာသိရင်ခဏလေးနဲ့သတင်းဖြန့်အောင်လုပ်နိုင်တဲ့သူ။ဒါကြောင့်ပိုတောင်ပြောလို့မဖြစ်။
"ဒါနဲ့ အစ်ကိုဟိုဆော့ ကထမင်းစားခေါ်နေတယ်...ငါတောင်ဒီနေ့သွားရင်ကောင်မလားလို့"
"ကျတော် ညနေအစည်းအဝေးထိုင်ပြီးရင် အားပြီ"
"ကောင်းပြီ... ငါ အစ်ကိုဟိုဆော့ကိုကြိုပြောထားလိုက်မယ်"
YOU ARE READING
General's Little Omega
De Todoဗိုလ်ချုပ် jeon jungkook မထင်မှတ်ပဲ ညတညမှာ omega ကိုတွေ့ခဲ့တယ်... ဗိုလ်ချုပ်က omega လေးကိုသူ့နေအိမ်သို့ခေါ်ဆောင်သွားတော့တယ်.... JIKOOK FanFiction font - Unicode & Zawgyi