အပိုင်း(၈)

1.6K 250 59
                                    

Unicode

cctv ​တွေအား​စောင့်ကြည့်​နေ​သော ဗိုလ်ချုပ် မှာတရားခံ​စောင့်ဖမ်း​နေဟန်ရှိ​သည့်အ​နေအထား။သို့​ပေမယ့်အရင်တုန်းကဆို အိမ်ရဲ့ cctv ကို​လှည့်တောင်မကြည့်သည့်သူက​ တ​စ်ညတစ်ညအလုပ်ခုံမှာသာ အိပ်​ပျော်​နေ​တော့သည်။ဌာနချုပ်​ဘက်ကဝင်လာတဲ့ စစ်တမ်း​ကောက်လွှာ​တွေကလည်း မနည်းမ​နော။အိမ်ကိုသာယူလာတယ်...ဘာမှမလုပ်ဖြစ်၊အလုပ်ပြန်သယ်သွားရတာလည်းခဏခဏပင်။

တီ....တီ....

emergency alarm ​ကြောင့် ​ဂျောင်ဂု သည်အ​တွေးတွေအားရုပ်သိမ်းပြီး စစ်ဦးထုတ်အားယူ၍ ရုံခန်းမှအလျင်စလိုဖြင့် ထွက်လာ​တော့သည်။ဆိုဘင်း နှင့် တခြားသူတွေမှာလည်း ဒီအသံမကြားရသည်မှာကြာပြီမလို့ စိုးတထိတ်ထိတ်ဖြစ်​နေကြသည်။ဆိုဘင်း က​​တော့ ဗိုလ်ချုပ်၏အ​နောက်သို့အလျင်အမြန်လိုက်သွားကာ တပ်သား​တွေကလည်း ဟို​​ပြေးဒီ​ပြေးဖြင့်သာ။

ဒါက လူသားမဟုတ်သည့်တစ်စုံတစ်ခုက ကျူး​ကျော်လာသည့် ​alarm အသံပင်။

ဌာနချုပ်အတွင်းတွင် စစ်ကားများစွာရပ်​နေပြီး တပ်သား​တွေကလည်းကား​ပေါ်သို့တပ်၍ ထွက်ခွာရန်အဆင်သင့်ပြင်​နေကြသည်။​ဗိုလ်ချုပ်က​တော့ screen tab ​ပေါ်တွင်မီးနီပြ​နေ​သော​နေရာကိုကြည့်ပြီး တပ်သား​တွေအားမှာကြား​နေသည်။​ကောင်းကင်​ပေါ်တွင်လည်း ရဟတ်ယာဥ်​တွေပျံသန်း​နေ၍ ​​မြေပြင်ကစစ်ကား​တွေကလည်း ထွက်ခွာဖို့အတွက် ဗိုလ်ချုပ်၏အမိန့်ကို​စောင့်​နေကြသည်။

"ထွက်ခွာမယ်...အုပ်စုခွဲပြီးသွားကြမယ်။ငါ့အမိန့်မရမချင်း ​မောင်းခလုတ်​ပေါ်မှာ လက်ညိုးမရှိ​စေနဲ့ကြားလား"

"နားလည်ပါပြီ ဗိုလ်ချုပ်!!!"

စစ်ကား​တွေအသီးသီးထွက်ခွာသွားကြပြီး​နောက် ဂျောင်ဂု သည်လည်းထွက်ခွာလာ​တော့သည်။တည်​နေရာက ပင်လယ်ကမ်း​ခြေဘက်အခြမ်းဖြစ်၍​ ​နေထိုင်သူအနည်းငယ်ရီ​သောအိမ်ကိုဖြတ်၍သွားရသည်။​​ဂျောင်ဂု ၏ဦး​နှောက်ထဲတွင်စိုးရိမ်မိတာက တကယ်လို့သာ ဂြိုလ်သား​တွေသာဖြစ်​နေခဲ့ရင်........သူ့အိမ်က omega ကိုပင်။ဘယ်လောက်ပဲ နိုင်ငံကတိုးတက်ပြီအစွမ်းထက်တဲ့လက်နက်ရှိ​နေပါ​စေ၊အသွင်မတူသည့်မျိုး​စေ့​တွေကသူတို့ထက်ပို၍ဥာဏ်​ကောင်းသည်။

General's Little OmegaWhere stories live. Discover now