အပိုင်း(၂)

2K 301 81
                                    

Unicode

ဗိုလ်ချုပ်​ဂျောင်ဂု ကိုကြည့်​နေ​သော omega ကသူမသိလိုက်တဲ့အချိန်မှာ pheromone ကိုထုတ်လွှတ်မိသွားခဲ့တယ်။ထိုအနံ့​လေးက mint အနံ့​လေးဖြစ်တာ​ကြောင့် ​​အနားမှာရှိ​သော alpha ​တွေအားဆွဲ​ဆောင်နိုင်တယ်​လေ။အလျင်အမြန်သတိထားမိလိုက်တဲ့ ​ဂျောင်ဂု ကအနားမှာရှိ​သော alpha နှစ်​ယောက်ကိုကြည့်မိရာ ထို omega ​အနံ့ကြောင့်အာရုံလွင့်ပြား​နေမှုကိုရိပ်မိလိုက်သည်။ချက်ချင်းဆိုသလို သူ၏ pheromone အားထုတ်လွှတ်လိုက်​ပြီး အင်အားကြီးမားတဲ့ဖိအားဖြစ်တာ​ကြောင့် ဆိုဘင်းနှင့်ယဥ်​မောင်းသူတပ်သားမှာ အသက်ရှူမနိုင်​အောင်ဖြစ်သွား​တော့သည်။

​ညီးညူသံ​ကြားလိုက်ရ​သောအသံ​ကြောင့် ​ဂျောင်ဂု သည် omega အားကြည့်လိုက်​တော့ မျက်ရည်အသီး​တွေက​ဝေ့တက်​နေသည်ကို​တွေ့ရတာ​မို့ ချက်ချင်းပဲ pheromone ​တွေသိမ်းလိုက်​တော့သည်။ချိန်ထားသည့်​သေနတ်ကိုကိုင်ထားလျက်ဖြင့် ထို omega အနားသို့သွားလိုက်သည်။သူ့အား​မော့ ကြည့်လိုက်​သောမျက်ဝန်းတည့်တည့်သို့ ​သေနတ်အားချိန်ထား​တော့ omega သည်ဖင်ထိုင်ရပ်သားဖြင့်အ​နောက်သို့ဆုတ်သွားသည်။

ဆိုဘင်းတို့သည်လည်း ​ဂျောင်ဂု၏ phoeromone မှလွတ်​မြောက်သွားရင်း သူတို့ကိုင်မသိခင်မှာ omega တစ်​ယောက်ကိုလိုချင်တဲ့စိတ်ဖြစ်မိသွားခြင်းက alpha ရဲ့အရိပ်အ​ရောင်ပြသလိုက်ခြင်းဖြစ်သွားလိမ့်မယ်လို့မထင်။ဒါက သူတို့အတွက်​တော့ ပထမဆုံး omega ကို​တွေ့ဖူးခြင်းပင်။

​"မင်းက...ဘယ်သူလဲ" ​

ဂျောင်ဂု၏​အေးစက်စက်အသံကဗိုလ်ချုပ်၏အရှိန်အဝါကိုပြသ​နေသလို၊alpha တစ်​ယောက်ရဲ့လွှမ်းခြုံနိုင်မှုကိုပြသ​နေသည်​လေ။သို့​ပေမယ့် သူ့အ​မေးကိုပြန်၍မ​ဖြေပဲအညို​ရောင်မျက်ဝန်းကြည်ကြည်​လေး​နဲ့တုန့်ပြန့်​နေခြင်း​​ကြောင့် စိတ်မရှည်တတ်​သော ​ဂျောင်ဂု က​သေနတ်​မောင်းခလုတ်ကိုဆွဲတင်လိုက်သည်။ဆိုဘင်း သည်လည်းတကယ်ပဲ ဗိုလ်ချုပ်က omega တစ်​ယောက်ကိုသတ်ပစ်​တော့မှာလား။

"ထပ်​မေးမယ် omega...မင်း ဘယ်သူလဲ"

ထပ်​မေး​သော်လည်းပြန်၍​ဖြေကြားခြင်းမရှိသည်​ကြောင့် omega သည် သူသတ်ခံရ​တော့မည်ကိုသိ၍ တုန်ရီ​နေသည့်နှုတ်ခမ်းကဘာစကားမှမထွက်လာသည်မို့ လက်ညိုးဖြင့်တွန့်ဆုတ်ဆုတ်ဖြင့် အ​ဝေးတစ်​နာကိုထိုးပြလိုက်သည်။ထိုးပြရာ​နေရာက ​မှောင်မှိတ်​သော​တောအုတ်​နေရာကိုညွှန်ပြခြင်း​ကြောင့် ​​​ဂျောင်ဂု သည် omega ရဲ့လည်ပင်းကအင်္ကျီစအားဆွဲကိုင်ရင်း ​သေနတ်ကိုနဖူးတည့်တည့်သို့ချိန်ထားလိုက်သည်။​ကြောက်ရွံ့​မှုက​တရှိန်တည်း​ရောက်ရှိလာပြီး alpha ဆိုသည့်အသိ​ကြောင့်ပို၍ဆိုးလာကာ သန်မာတဲ့လက်​ဖြင့် သူ့အင်္ကျီစကိုကိုင်ထားရက​နေလည်ပင်းအနည်းငယ်အစ်လာခြင်း​ကြောင့် alpha ရဲ့လက်ကိုသူ့လက်နှင့်ထိကာလွှတ်သွားရန်ရုန်းကန်လိုက်သည်။

General's Little OmegaWhere stories live. Discover now