အပိုင်း(၅)

1.9K 278 74
                                    

Unicode

ညစာထမင်းစားပွဲက လူနှစ်​​ယောက်တိတ်ဆိတ်စွာထိုင်​​နေပြီး အစားအ​သောက်​တွေကိုစား​နေခဲ့သည်။အိမ်​တော်ထိန်းဝမ်တို့က​တော့ ပုံမှန်လို့ထင်ရ​ပေမယ့် တစ်ခုခုကမသက်မသာဖြစ်​​နေသည်ကိုလည်းခံစား​နေရပြန်သည်။ဂျီမင်း သည်သူ့​ဘေးကဗိုလ်ချုပ်အားခိုးခိုးကြည့်​၍ ခုနတည်းကမျက်နှာတင်းမာ​​သည့်ပုံစံရှိတာ​​ကြောင့် သူနားမလည်။alpha ​တွေရဲ့စိတ်ကအမြဲတမ်းခက်ထန်​နေတာပဲလား လို့​တွေးမိသည်။

ဘာကိုအလိုမကျဖြစ်​လို့ဖြစ်သွားတာလဲလို့ ​သူ့(​ဂျောင်ဂု)ကို​မေးရင်သူကိုယ်တိုင်မသိ။ဘာလဲ...အကြည့်တစ်ချက်​လေး​ရှောင်မိသွားတာနဲ့ သူ့စိတ်ကအလိုမကျဖြစ်​နေရတာလဲ။ဒီလိုဖြစ်စရာဘာအ​ကြောင်းမှမရှိ။သူက k နိုင်ငံရဲ့ဗိုလ်ချုပ်တစ်​ယောက်။alpha ဖြစ်သည့်အတွက်စိတ်ကတည်ငြိမ်တယ်၊ထိန်းချုပ်နိုင်တယ်၊ဘာအ​ကြောင်းနဲ့မှစိတ်မကြည်စရာအ​ကြောင်းမရှိ။စိတ်ကိုငြိမိ​အောင်ထိန်းချုပ်ရင်း ကိုင်ထားသည့်ဇွန်းကိုချလိုက်၍ ​ရေခွက်ကို​မော့ကာ ထ၍ထွက်သွားရန်ဆုံးဖြတ်​တော့ ​ဘေးနားက omega ရဲ့မျက်ဝန်း​တွေနဲ့ဆုံသွားကာ ချက်ချင်းအကြည့်လွှဲလိုက်ပြီး အလုပ်ခန်းထဲသို့ဝင်သွား​တော့သည်။

ထမင်းစားပွဲမှာကျန်ခဲ့သူမှာလည်း တစ်ခုခုများမှားလုပ်သွားခဲ့တာလားလို့​တွေး​နေ​မိသည်။

ညဥ့်နက်​နေပြီ၍အခုထိအိပ်မ​ပျော်​သောသူမှာ ​​ဂျောင်ဂု ပင်။မျက်နှာကျက်ကိုသာစိုက်ကြည့်ရင်းဖြင့် ထထိုင်လိုက်ကာ​ဘေးက​ရေခွက်အားလှမ်းယူ​တော့​ ရေမထည့်ထားခြင်း​ကြောင့် ​​​ရေယူရန်အိပ်ခန်းထဲက​နေထွက်လာခဲ့သည်။​​ရေခဲ​သေတ္တာထဲမှ​​ရေ​အေး​အေးတစ်ခွက်အား၍ထွက်လာရာ ဧည့်ခန်းထဲ၌ဝါကျင်ကျင်မီး​အလင်း​ရောင်ကြောင့် တစ်စုံတစ်​ယောက်များလား​တွေးမိ၍ သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။

သို့​ပေမယ့် ဆိုဖာ​ပေါ်တွင်အိပ်​ပျော်​နေ​သော ဂျီမင်း ကို​သာမြင်လိုက်ရသည်။​ခြေလှမ်း​တွေကအိပ်​ပျော်​နေသူအနားသို့​ရောက်သွားကာ တစ်ချက်တစ်ချက်တုန်သွားသည်မို့​အေးလို့များလို့​တွေးမိသည်။မီးအရှိန်​​ကြောင့် နဖူး​ပေါ်တွင်​ချွေးသီး​​လေး​တွေကိုမြင်ရပြီး ကိုင်ထား​သော​ရေခွက်အားချလိုက်၍ နှိုးဖို့ပြင်လိုက်သည်။ဒါ​ပေမယ့် ​လေထုထဲက mint အနံ့ကအရင်လိုကြည်လင်​နေမှုမရှိသည်ကိုခံစားရသည်။အနားတွင်ထိုင်လိုက်ပြီး တဆတ်ဆတ်နဲ့ထုန်​နေ​သော လက်​သေး​သေးကိုသူ​ငေးကြည့်​နေမိသည်။အိမ်မက်ဆိုးမက်​နေတာများလား။

General's Little OmegaWhere stories live. Discover now