Part-4 [Uni+Zaw]

20 2 0
                                    

[Unicode]

(မိုးရိပ်နွယ်)

လင်းကအခုနောက်ပိုင်း တစ်ခြားတစ်ယောက်လိုမျိုးပဲ၊ တစ်ခုခုကို လျှိုထားသလိုပဲ။ ကျွန်မစိတ်ထင်နေတာလဲဖြစ်ချင်ဖြစ်မှာပါလေ။

"လင်းရေ ဘာလုပ်နေတာလဲ....။အိမ်သာကတက်လို့ပြီးအုံးမှာလားဟ"

"လာပြီလို့"
....
....
....
....
"ဘယ်မှာလဲ"

"ဘာကိုလဲ"

"အိပ်ရာ ခင်းထားတယ်ဆို"

"ဟ....အိပ်ရာကို ကုတင်ပေါ်မှာမခင်းလို့ ဘယ်မှာခင်းပေးရမလဲ နင်ပြောကြည့်လိုက်"

"အတူတူအိပ်ရမှာလား"

တွေ့လား...တစ်ခုခုဖြစ်နေပါတယ်။ အခုနောက်ပိုင်း တော်တော်ကို ပြောင်းလဲနေတာ။ ကျွန်မပြောလိုက်လို့ပဲ စိတ်ခုသွားတာလား

"ငါက ဖူးဝေခင်က လွဲပြီး ဘယ်မိန်းမမှ စိတ်မဝင်စားဘူး။ နင်လဲအဲ့ထဲကတစ်ယောက်ပဲ၊ ငါနင့်ကိုလက်ဖျားနဲ့တောင်ထိဖို့ စိတ်မပါတာမို့ နင်မအိပ်ချင်ရင် မေမေနဲ့သွားအိပ်။ မဟုတ်လဲ နင့်အိမ် နင်ပြန်ဟာ"

ကျွန်မစိတ်ရှုပ်သွားတာကြောင့် ဆံပင်များကိုလက်ဖြင့်ဖွကာပြောလိုက်သည်။ ကျွန်မနဲ့လာအိပ်လိုက်ရင် သူ့အသားပဲ့ပါသွားမှာမို့လို့လား။ သူ့မှာဘာနစ်နာစရာရှိလို့လဲ။

"မဟုတ်ပါဘူး နွယ်။ အဲ့လိုမဟုတ်ပါဘူး ငါကလေ...နင်"
"ဆက်မပြောနဲ့တော့ လင်း။ ငါဆိုတဲ့ မိန်းမကလေ တော်ရုံလူတစ်ယောက်ကိုချစ်မိဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ။ မိန်းမတစ်ယောက်ကိုဆို ပိုလို့တောင်မဖြစ်နိုင်သေးတယ်။ အခုက ငါတကယ်စိတ်ရင်းနဲ့စိတ်ဝင်စားမိတာမို့၊ ပြီးေတာ့ နင့်ကိုလဲ ငါ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်လို့ ထင်ထားမိပြီး ငါ့ခံစားချက်ကိုငါကပြောပြမိတာ။ နင့်စီကဒီလိုတုန့်ပြန်မှုမျိုးရလိမ့်မယ်လို့ ငါမထင်ထားဘူး။"

"မဟုတ်ဘူး နွယ်ရယ် ငါပြောတာနားထောင်ပါအုံး။ ငါ...ငါကလေ၊ ဟင့်....။ ငါက နင့်အတွက်ပြောမိတာပါ။"
ကျွန်မ လင်းကို ပြောမိတာတွေ နည်းနည်းတော့လွန်သွားသည်။ ကျွန်မကြောင့် လင်းက ငိုလို့နေပြီ။

"June"Where stories live. Discover now