[Unicode]
သိပ်ကိုမွန်းကြပ်လွန်းတယ် ဒီလောက်ခက်ခဲအောင်ဘာတွေများလုပ်ခဲ့မိတာလဲ
"မင်းဘယ်လိုစိတ်မျိုးနဲ့ ဒီလိုလုပ်ရပ်ရတာလဲကွာ"
"နွယ်လေ..."
"မင်းငါ့ကိုမချစ်တော့ဘူးဆိုတာ ဘာစကားလဲ"
"နွယ် တကယ်တောင်းပန်ပါတယ် တကယ်မချစ်နိုင်တော့လို့ပါ"
"တော်စမ်း နွယ်...
ငါမင်းကိုမသင်္ကာဖြစ်နေတာကြာပြီ မင်းမူပျက်နေတာ ပြော...ပြောစမ်း....အဲ့ဒီမိန်းမကြောင့်လား ဟန်...."
မောင်ကကျွန်မ၏လက်မောင်းနှစ်ဖက်ကိုကိုင်၍တစ်ကိုယ်လုံးရမ်းခါသွားအောင် ဆွဲခါလိုက်သည်။"မင်းဘယ်လိုဖြစ်ရတာလဲနွယ်...
ငါဘာတွေများမှားသွားလို့ မင်းက မင်းလိုမျိုး မိန်းမတစ်ယောက်ကိုချစ်မိရတာလဲ မင်းစိတ်ကစားတယ်ဆိုလဲတော်ရုံပဲကောင်းမယ်နွယ်""နွယ် စိတ်ကစားနေတာမဟုတ်ဘူးမောင် ပြီးတော့ နွယ်အသက်အရွယ်က စိတ်ကစားနေတဲ့မိန်းမငယ်လေးလဲမဟုတ်ဘူး"
"နွယ်ရယ် မောင် တောင်းပန်ပါတယ်ကွာ မောင်ဘာမှားခဲ့လဲဆိုတာမသိပေမဲ့ ဘာပဲဖြစ်ဖြစ်ပါကွာ မောင်တောင်းပန်ပါတယ် မောင့်ကိုမထားခဲ့ပါနဲ့နွယ်ရယ်..."
မောင်နဲ့ကျွန်မက မေမေမိတ်ဆက်ပေးလို့ဆုံခဲ့ကြပြီး မေမေသူငယ်ချင်းရဲ့သားလဲဖြစ် အိမ်ကိုအမြဲတံခါးမရှိ ဓါးမရှိဝင်ထွက်နေကျ။ မေမေကလဲနဂိုထဲကမောင့်ကိုမျက်စိကျနေတော့ ကျွန်မနဲ့သူရင်းနှီးပြီးလပိုင်းလောက်အကြာမှာ သူဘက်ကဖွင့်ပြောလာတာနဲ့ ကျွန်မရဲ့ ပထမဆုံး ရည်းစားထားတဲ့အချိန်လည်းဖြစ်တာကြောင့်...အဲ့တုန်းကတော့ရင်ခုန်ခဲ့မိတယ် ချစ်ခဲ့မိတယ် ဒါမဲ့အခုတော့မဟုတ်တော့ဘူး...။
မောင့်ကကျွန်မကိုတင်းကြပ်စွာဖက်ထားပီးငိုနေခဲ့တယ် မောင့်မျက်ရည်ပူနွေးနွေးတွေက ကျွန်မပခုံးကိုစိုရွဲသွားစေခဲ့တယ်
ဘာလို့များလဲ မောင်ဒီလောက်ငိုယိုပီးတောင်းပန်နေတာကို ငါဘာလို့သွေးအေးနေမိတာလဲ ငါတကယ်မောင့်ကိုလက်လွှတ်ဖို့အဆင့်သင့်ဖြစ်နေခဲ့တာလား
ဒါဆို ဒါက ဘယ်တုန်းကဖြစ်မလဲ မမကိုချစ်မိတုန်းကလား...
အင်း....သူမကိုချစ်မိတာကစတွေ့ထဲကပဲမဟုတ်လား