[Unicode]
(ဖူးဝေခင်)
လင်းလဲ့ဝေက ဖူးဝေရဲ့စကားကိုကြားတော့ အနောက်သို့ တုန်တုန်ယင်ယင်ဖြင့်ဆုပ်သွားကာ....
"နွယ့်ကိုတော့ မဆိုင်တဲ့ ကိစ္စတွေထဲ ဆွဲမထည့်ပါနဲ့"
ဟာ့....စိတ်ဝင်စားစရာပဲ။ သူက မိုးရိပ်နွယ်ကို အဲ့ဒီလောက်တောင်ကြိုက်တာလား။ ရုတ်တရက် ဖူးဝေ၏ အရှေ့၌ လင်းလဲ့ဝေ၏ ခြေအစုံတို့ ကွေးညွန့်သွားကာ ဒူးထောက်လျှက် တောင်းပန်နေသည့်မျက်ဝန်းများဖြင့်ကြည့်၍ မိုးရိပ်နွယ်ကို မထိပါနှင့်ဟု ခခယယ တောင်းဆိုလေသည်။
"မမ...နော်။ ကျေးဇူးပြုပြီး လင်းကိုပဲ မုန်းပါ။နော်...နော်"
"လင်း တောင်းပန်ပါတယ် မမရယ်"စိတ်ကျေနပ်ဖို့ကောင်းလိုက်တာ ဖူးဝေ မြင်ချင်တာလဲ ဒီပုံစံပဲ။ ဒါဆို လင်းလဲ့ဝေရဲ့ အားနည်းချက်က မိုးရိပ်နွယ်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် မိုးရိပ်နွယ်မှဖြစ်နေရတယ်လို့။ ဘယ်လို တိုက်ဆိုင်မှုမျိုးပါ့လိမ့်။ကံကြမ္မာက ဖူးဝေကို မျက်နှာသာပေးလိုက်လေသလား။ မိုးရိပ်နွယ်က ဖူးဝေအတွက် ဒီလောက်အသုံးဝင်လာလိမ့်မယ်လို့ ထင်မှတ်မထားမိပါ။
"ကောင်းပြီ"
"မမ တကယ်ပြောတာလားဟင်။ မမလဲ နွယ့်ကိုတကယ်ချစ်တယ်မဟုတ်လား"
လင်းလဲ့ဝေ၏ စကားကြောင့် ဖူးဝေ စိတ်ရှုပ်သွားရ၍ မျက်ခုံးနှစ်ခု ထိလုမတက်တွန့်ချိုးမိသည်။
"မမ...။ ဘာလို့မျက်နှာပျက်သွားရတာလဲ"
"......"
"အဲ့လိုမလုပ်ပါနဲ့ မမရယ်။ နွယ်က မမကို တကယ်ချစ်တာပါ။ မမကို သူတကယ်ချစ်ကြောင်း လင်းကိုတောင် ပြောပြထားတာ မမရဲ့"
"ငါလဲ ချစ်ရင်တော့ချစ်မှပေါ့ မပြောတက်ဘူး....။
မနက်ဖြန်မှ ငါနင့်ကိုဆက်သွယ်လိုက်မယ်။ ပြီးတော့ လင်းလဲ့ဝေ....နင်ကငါ့အတွက်ရှိနေပေးရမယ်။ နင့်အမေကို ရိုက်ချပစ်ဖို့အတွက် နင်ကငါ့အတွက် လမ်းစဖြစ်ပေးရမယ်""မမ...."
"ရတယ် နင်ကြိုက်သလိုဆုံးဖြတ်....."
"ဖြစ်ပေးပါ့မယ်။ မမ ဖြစ်စေချင်တဲ့အတိုင်း။ အခု မေမေက PK groupရဲ့ ဒုဥက္ကဌ ဖြစ်နေတဲ့အတွက် မမအသက်၂၅နှစ် ပြည့်တဲ့အချိန်မှာ မေမေ့ကိုရှင်းထုတ်ဖို့မလား။ လင်းလုပ်ပေးနိုင်ပါတယ်"