[Unicode]
(ဖူးဝေခင်)
"အင်း....။ ကြမ်းမှာအိပ်လို့လားမသိဘူး ခန္ဓာကိုယ်ကကိုက်ခဲနေတာပဲ"
ဘေးကိုကြည့်မိတော့ လင်းလဲ့တစ်ယောက်ထဲ။ နွယ်တစ်ယောက် အစောကြီးနိုးနေတယ်ထင်တယ်။ ဒီအချိန်ဆိုအောက်ထပ်မှာ သူအဖေနဲ့များလား။ လင်းလဲ့ကလည်း အိပ်နေလိုက်တာမှ သိုးလို့။ အိပ်ရာအရင်သိမ်းပြီးမှ သူမကိုနှိုးတော့မည်။ ဖူးဝေခြုံသည့် စောင်အား ကောက်ယူ၍ မတ်တပ်ထလိုက်သည်။ စောင်ကိုအချိုးညီစွာ ခေါက်သိမ်းရင်း နောက်လှည့်လိုက်တော့ မနက်စောစောမှာပင် အထိတ်တလန့်ဖြစ်ရပြန်သည်။ နွယ်က အသံမပေးပဲ ခုံမှာထိုင်၍ငြိမ်သက်နေသည်။
"အမလေး...လန့်လိုက်တာ။ နွယ်ရယ် အသံလေးဘာလေးပေးပါလား"
"အော် sorry မမ။ နိုးနေတာလား"
နွယ့်ကြည့်ရတာ တစ်မျိုးပဲ နေမကောင်းဘူးလားမသိ။ မျက်နှာလဲ မကောင်းဘူး။"နေမကောင်းဘူးလား နွယ်"
"မဟုတ်ပါဘူး။ကောင်းပါတယ် ဒီတိုင်း မမနိုးနေတာကို သတိမထားမိလိုက်တာပါ"
"အော်..."
ဒီနေ့ကျောင်းသွားရမဲ့နေ့ပဲ။ နွယ်နဲ့အတူသွားရမယ်။
လင်းကရော ကျောင်းမတက်ဘူးလား။ သူကဒီတိုင်းဘာမှမလုပ်ဘူးလား။(ဖူးဝေ) "လင်းလဲ့ ထ ထ မိုးလင်းနေပြီ"
(လင်း) "အင်း...."
(နွယ်) "ထားလိုက်ပါ။ သူအိပ်ပါစေ"
(ဖူးဝေ) "လင်းလဲ့က ကျောင်းမတက်ဘူးလား"
(နွယ်) "တက်တယ်လေ"
(လင်း) "အစောကြီးနိုးနေကြတာလား"
(ဖူးဝေ) "နင်ကျောင်းတက်ဆို ဘယ်မှာလဲ"
(လင်း) "အယ်...မမတို့နဲ့ တစ်ကျောင်းထဲပဲလေ"
(ဖူးဝေ) "ဘယ် မေဂျာကလဲ"
(လင်း) "ကွန်ပျူတာက"
လင်းလဲ့နှင့် ကျွန်မက မေဂျာတူ ကျောင်းတူဆိုတာကို အခုမှသိခဲ့ရသည်။ သို့ပေမဲ့ သူကကျောင်းထွက်တော့မယ်မဟုတ်လား။ ကျောင်းဖွင့်တာဘယ်လောက်မှမကြာသေးတော့ ဖူးဝေ မသိတာမစမ်းပါ။