Part 20

1.3K 85 0
                                        

"အာ့"

နဖူးက မာတဲ့အရာတခုနဲ့ ဆောင့်မိတာကြောင့် fotနိုးလာသည်။
‌အငိုက်လွန်ပြီး သစ်ပင်နဲ့ သွားဆောင့်တာကိုး....

ဘေးမှာ Gemini မရှိတော့တာကြောင့်ပူထူသွားတဲ့ စိုးရိမ်စိတ်နဲ့ သူမြန်မြန်ထလိုက်သည်။

Gemini သူ့ကို ဒီ‌နေရာမှာထားသွာပြီလား???

တယောက်ယောက်ထားသွားမှာ စိုးရိမ်နေရတဲ့စိတ်ဟာ ဘလောက်တောင်မှ ကြောက်စရာကောင်းလိုက်သလဲ....

"မဟုတ်ဘူး...ထားခဲ့ချင်ရင် ဒီထိတောင် သူဘယ်ခေါ်လာပါ့မလဲ...သူတနေရာရာလိုက်ကြည့်နေတာပဲဖြစ်မယ်"

Gemini ကိုရှာဖို့ fotထွက်လာသည်။

"Gemini!... Gemini ငါခေါ်နေတာကြားလား... Gemini"

Gemနိုးလာတော့ သူမှီထားတာ သစ်ပင်မဟုတ်ပဲ Natawat ကြောင့် ပုခုံးဖြစ်နေတာကြောင့် နဲနဲ တန့်သွားသည်။

အနီကပ်မြင်နေရတဲ့ Natawat မျက်နှာအစိတ်ပိုင်းတခုဆီက တော်တော်လေးအပြစ်မဲ့ပြည့်စုံတယ်ဆိုတာ သူလက်ခံလိုက်သည်။

တော်တော်ကြာကြာ ကြည့်နေမိပြီးမှ
ဖြေးဖြေးချင်းထကာ သစ်ပင်တွင် Natawat ကိုပြန်မှီထားစေလိုက်ရင်း မနက်ခင်းနေရောင်ခြည်ကိုထိတွေ့ဖို့ ကမ်းစပ်တလျောက်လမ်းလျှောက်နေသည်။

"Gemini!...မင်းအဲ့ဘက်မှာလား"

သူ Natawat ရှိရာ ပြန်လာနေစဉ် Natawat ကသူ့နာမည်ကိုခေါ်ကာ မတွေ့လို့ လိုက်ရှာနေပုံရတယ် ။

သူသစ်ပင်တပင်‌ နောက်မှာ တချက်ကွယ်ရပ်ကာ ချောင်းကြည့်လိုက်သည်။

"Gemini ...မင်း စနေတာဆိုရပ်လိုက်တော့နော်၊ Gemini "

Gem အကွယ်နောက်က ထွက်လာစဉ် သူတို့ရှိတဲ့ကမ်းဘက် လှေတစီးမောင်းလာတွေ့လိုက်သည်။

"Gemini...မင်းကဒီမှာလား....."

Gemini ဆီသွားနေစဉ် လှေတစီးသူတို့ရှိရာလာနေတာကို fotမြင်တာမို့ Gem ဆီပြေးတော့သည်။

"သွားပြီး..... လူတွေလာနေတယ် Gemini....လူတွေလာနေတယ် ငါတို့သွားကြရင်ကောင်းမယ်...သွားရအောင်"

Fotဆွဲနေတဲ့လက်တွေကို Gemini က ပြန်ဆွဲထားကာ ရပ်နေသည်။

"ဟေ့...ရှေ့နေကြီး"

Invests With Heart (Completed)Where stories live. Discover now