Chapter 2

526 109 1
                                    

" ဂျုံဆောင်း.. အဆင့်အတန်းဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို မင်းဘယ်လိုနားလည်သလဲ "

လှပစွာချည်ထိုးထားသော ပိုးသားကြမ်းခင်းထူထူထက်တွင် ဂျုံဆောင်း ဒူးနှစ်ဖက်တုပ်ကာ ရိုကျိုးစွာထိုင်နေရင်းနှင့်မှ ဖခင်ဖြစ်သူကို ဦးညွှတ်၍ အရိုအသေပေးမိ၏။

" ကျန်ပြန့်တဲ့ အဓိပ္ပါယ်ရှိတဲ့ စကားလုံးတစ်ခုကို ကျွန်တော် တစ်ထိုင်တည်းမှာ ပြည့်စုံအောင် မရှင်းပြနိုင်မှာကို စိုးမိပါတယ်.. ဒါပေမယ့် အဖေ..လူတစ်ယောက်ရဲ့ အဆင့်အတန်းက သူတို့မှာရှိတဲ့ ဥစ္စာပိုင်ဆိုင်မှု အနည်းအများနဲ့ တိုက်ရိုက်အချိုးကျမနေမှန်းကိုတော့ သိထားပါတယ် "

စစ်သူကြီးသည် ညခင်းအကြမ်းရည်ကို ကြွေခွက်ငယ်ထဲမှ ဖြည်းညင်းစွာ သောက်နေရင်း သားဖြစ်သူ၏ စကားတို့ကို အကျိုးသင့် အကြောင်းသင့် ခေါင်းညိတ်လာခဲ့သည်။ 

" ဒါပေမယ့် ဂျုံဆောင်း.. အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ဖြစ်လာဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေနဲ့ အပြုအမူ စိတ်နေသဘောထားတွေဆိုတာ သင်ယူမှ အပြည့်အစုံ တတ်မြောက်နားလည်နိုင်တယ်.. တစ်ခါတလေမှာ မွဲတေမှုကြောင့် အဲ့လိုအရာတွေကို သင်ယူခွင့်မရလိုက်ဘဲ လူနေမှုအဆင့်အတန်းနည်းတူ စိတ်ဓါတ်အဆင့်အတန်းလည်းလျော့ပါးသွားရတာတွေရှိတယ်.. ဆိုလိုချင်တာကို နားလည်လား "

" ကျွန်တော် နားလည်ပါတယ် "

သို့ပေမယ့် သားဖြစ်သူ မျက်ဝန်းထဲ၌ မြင်တွေ့နေရဆဲဖြစ်သည့် ခေါင်းကြောမာမှုလေးများကြောင့် အကြမ်းရည်တစ်ခွက်အကုန်တွင် စစ်သူကြီးအနေနှင့် တင်းအားကို တစ်ထစ်လျှော့ပေးလိုက်ရပါ၏။

" ဂရုဏာသက်မှု တစ်ခုတည်းကြောင့်နဲ့ မြွေပွေးကိုခါးပိုက်ထဲပိုက်ထားမိတဲ့ အဖြစ်မျိုးမကြုံစေချင်လို့ ဒီအဖေက သတိပေးရုံပါ "

" အဖေ့စိတ်ရင်းကို နားလည်ပါတယ်.. ဒါပေမယ့် ကျွန်တော့်ရဲ့ လူကဲခတ်စွမ်းရည် ညံ့ဖျင်းမနေတဲ့အကြောင်းကိုလည်း ယုံကြည်ပေးစေချင်ပါတယ် "

သားဖြစ်သူ၏ စကားလုံးအတိမ်အနက်များထဲတွင် သူနုငယ်စဥ်အရွယ်က ငယ်ဂုဏ်အရိပ်အရောင်လေးများ ယှက်သန်းနေသည်ကို မြင်တွေ့ရသောအခါ စစ်သူကြီးမှာ ခပ်ဟဟမရယ်မိဘဲ မနေနိုင်တော့ပေ။

WONWhere stories live. Discover now