Chapter 3

501 92 0
                                    

" ဝန်း.. မြန်မြန်လေးပြေးလာခဲ့စမ်းပါ "

အချိန်အခါမဟုတ် နေသာနေဆဲတွင် ရွာလာသောမိုးဖွဲများကြောင့် တစ်ကိုယ်လုံး စိုထိုင်းသွားသည်အထိ ပက်ဖြန်းခံလိုက်ရသော အခြေအနေတွင် ဂျုံဆောင်း ထိုတောင်ကုန်းထက်မှ နားနေဆောင်အဟောင်းလေးထဲသို့ပြေးဝင်၍ နောက်မှ ဟောဟဲလိုက်ကာ ပါလာသူလေးကိုလည်း အမြန်လောဆော်လိုက်ပါ၏။

ထိုအခါ ပန်းဖျော့ရောင် ဝတ်ရုံလေးထဲတွင် သူ့ကိုယ်ကိုသူပင် မနိုင်မနင်းဖြစ်နေဟန်ရှိသောကောင်လေးက အသက်ကိုအလုအယက်ရှူရင်း ယိုင်တိုင်တိုင်နှင့် အရောက် ပြေးလာလေသည်။

" ဟား... ahh မောလိုက်တာ..တကယ်ပဲ..
အဲ့တာ..အဲ့တာမို့.. သခင်လေးကို..ကျွန်တော်
ပြော..ပြောသားပဲ.. ဝေးဝေးလံလံတွေ မသွား..မသွားရအောင်လို့ "

စကားတစ်ခွန်းပင် ဖြောင့်ဖြောင့်မပြောနိုင်လောက်အောင် တဟောဟော တဟဲဟဲဖြစ်နေချိန်တွင်တောင် နှုတ်ခမ်းပါးလေးထံမှ ပူညံပူညံအသံလေးများက ထွက်လာနိုင်သေးသောကြောင့် ဂျုံဆောင်း ထိုကလေးအားကြည့်ရင်း တစ်ချက်ရယ်မောလိုက်မိပါ၏။

" တစ်ခါတလေ ဒီလိုကိုယ်လက်လှုပ်ရှားရှိတာလည်း ကောင်းတဲ့အရာပဲ ဝန်းah .. အခုပဲကြည့်ပါလား ဒီလောက်လေးပြေးလွှားရတာနဲ့တောင် မင်းမှာ ကုန်းပေါ်တင်နေတဲ့ ငါးပါးနီလေးတစ်ကောင်လိုဖြစ်နေရတာလေ "

စိုထိုင်းသွားသော ဝတ်ရုံအပေါ်ယံတစ်လွှာကို ဂျုံဆောင်း ချွတ်ကာ လွှားထားရန်ပြင်နေရင်း စနောက်မိတော့ ထုံးစံအတိုင်း ထိုကြက်တူရွေးပေါက်စလေးက အလျှော့မပေးခဲ့။

" အခုတော့ ကိုယ်လက်လှုပ်ရှားအလုပ်ကောင်းတာ သခင်လေးရော ကျွန်တော်ရော ရေထဲနစ်သွားတဲ့ ကြွက်စုတ်လေးတွေနဲ့တူနေပြီ မဟုတ်ပါလား "

ကြက်တူရွေးလေး၏ စကားကြွယ်မှုတွင် ဂျုံဆောင်း ရယ်မောချင်သွားရသော်လည်း သိက္ခာဖြင့် ထိန်းချုပ်ကာ အယောင်ဆောင် ဟန်ပြလေး ဆူပူလိုက်ပါ၏။

" အောဟော.. အလိုလိုက်ထားလို့ အခုမပြောရဲတဲ့စကားကိုမရှိတော့ဘူးပဲ.. ငါ့ကိုတောင် ကြွက်နဲ့နှိုင်းယှဥ်ဝံ့နေပြီ "

WONWhere stories live. Discover now