Chapter 1
September 15, 2024
💙Chapter 1( ဝိဉာဉ်ပြောင်းလဲခြင်း )
ဝမ်ရှီ၏ ကောလိပ်ဘဝသည် အထက်တန်းကျောင်းသားဘဝထက် များစွာ အဆင်ပြေသည်။သူမသည် အထက်တန်းကျောင်း တတိယနှစ်၏ စာသင်ရိုးအတိုင်း အကျင့်ပါနေ၍ အတန်းမရှိသည့်အခါတိုင်း သူမ ထိုင်လိုသော အတန်းကို ရှာဖွေကာထိုင်တတ်သည်။
ထို့ကြောင့် ကောလိပ်တွင် သူမ၏ ပထမဆုံး သူငယ်ချင်းကောင်းတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။သူမ၏ အခန်းဖော်တော့ မဟုတ်ပေ။ သူမ၏အမည်မှာ လောရွှယ် ဖြစ်ပြီး 1997 နှစ်ဖွားဖြစ်သည်။ သူမသည် အင်္ဂလိပ်စီးပွားရေးသင်တန်းတက်နေစဉ် လောရွှယ် နှင့်တွေ့ဆုံခဲ့သည်။ သူမသည် လောရွှယ် ၏ ဘေးတွင် အကြိမ်ကြိမ်ထိုင်ခွင့်ရသည်။ လောရွှယ် သည် အချိန်တိုင်း ကျောင်းသုံးစာအုပ် မယူလာသည်ကို မြင်လိုက်ရပြီး ဤဆရာ၏ အတန်းထဲတွင်သာ သူမကို တွေ့ရတတ်သောကြောင့် နှစ်ယောက်သား စကားစမြည်ပြောလာကြသည်။
ဝမ်ရှီသည် အလွန်အရပ်ရှည်ပြီး မပိန်မဝသော ကိုယ်လုံးကိုယ်ထည်ရှိသည်။သူမသည် ခန္ဓာကိုယ်လှပသော်လည်း ရုပ်ရည်မှာ သာမန်သာဖြစ်သည်။ လောရွှယ် သည် အရပ် 160 စင်တီမီတာသာရှိသော်လည်း အလွန်ကြည့်ကောင်းသည်။
လောရွှယ်၏ ရည်စားမှာ ရှန့်ယင်း ဆိုသူဖြစ်ကြောင်း နောက်မှ ဝမ်ရှီ သိရှိလာခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာကြပြီး လောရွှယ်က သူမကို သူ့ချစ်သူနှင့် တွေ့ဆုံရန် ခေါ်သွားပေးမည်ဟု ပြောခဲ့သည်။ ဝမ်ရှီသည် ထိုစကားကိုကြားသောအခါ မျက်ရည်များပင်ဝဲသွားရသည်။ သူမတို့နှစ်ယောက် ဆက်ဆံရေး ပိုကောင်းလာသည့်အခါ လောရွှယ်ကို သူမ ချဉ်းကပ်ပီး ချစ်ရေးဆိုမည်ဟု တွေးထားခဲ့သော်လည်း၊ယခုတော့ အခွင့်အရေး မရှိတော့ပေ။
ဒုတိယနှစ်၏ ဒုတိယ semester တွင် ဝမ်ရှီသည် လောရွှယ် ထံမှ ဖုန်းကောလ်တစ်ခု လက်ခံရရှိခဲ့သည်။ လောရွှယ်က ဖုန်းထဲမှာ ငိုနေသည်။ လောရွှယ်သည် သူမမုန်းတီးခဲ့သော ထိုလူနှင့် လမ်းခွဲခဲ့ကြောင်း ပြောပြလေ၏။
YOU ARE READING
၁၉၉၀ခုနှစ်ဆီသို့
Historical Fiction💙 Description TITLE - Back to the 1990 ၁၉၉၇ ခုနှစ်တွင် မွေးဖွားသော ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူတစ်ဦးသည် ၁၉၉၀ သို့ အချိန်ခရီးသွားနိုင်ကာ ယောက်ျားလေးကိုယ်ထဲသို့ ကူးပြောင်းသွား၏။ပြီးလျှင် မိန်းမတစ်ယောက်ကို လက်ထပ်ကာ ကလေးများမွေးဖွားခဲ့သည်။ အိမ်ထောင...