chapter 15

113 17 0
                                    

Chapter 15
Ei Thet HmueOctober 03, 2024
💙Chapter 15- ပြီးသွားပါပြီ   

ဝမ်လီချမ် ငြိမ်သက်သွားပြီးနောက် နောင်တရသွားသည်။ သူ့အမေကို အရင်လွှတ်ဖို့ ဘာလို့ မညှိနှိုင်းတာလဲ။ သူက ဖြေရှင်းချက်ကိုအရင်မရှာဘဲ အကြောင်းပြချက်များသာပေးနေမိခဲ့သည်။သူ့အမေကို ထောင်ကျအောင် လုပ်ခဲ့သည်က သူ့အပြစ်ပင်။ သာမာန်လူများပင်လျှင် ရဲစခန်းထဲသို့ ဝင်ရန် ကြောက်ရွံ့ကြပေလိမ့်မည်၊ သူ့အမေလို တောရွာက အဖွားကြီးဆိုပြောစရာပင်မလိုပေ။

တစ်ယောက်ယောက်က သူနှင့် သူ့အမေကို မြန်မြန်ဖမ်းမိကြောင်း သိပြီး အစ်မများကို မြန်မြန်အကြောင်းကြားမည်ဟု သူမျှော်လင့်ခဲ့သည်။ရဲတွေက ပိုက်ဆံလိုချင်တာမဟုတ်ဘူးလား။ 

စိတ်ငြိမ်သွားပြီးနောက် အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။

မနေ့ညက အကခန်းမပိုင်ရှင်၏ ခေါင်းကို တစ်စုံတစ်ယောက်က ရိုက်လိုက်သည်။ သို့သော်လည်း ရဲများက တရားခံကိုမရှာဘဲ မဆီမဆိုင် သူ့ကိုလာမဲနေသည်။

ခေါင်းရိုက်သူမှာ နောက်ခံရှိပြီးသားမလို့ တရားခံကို မပြောနိုင်တာလား။ အကခန်းမပိုင်ရှင်သည် အရိုက်ခံခဲ့ရတာကြောင့် ဆေးဖိုးဝါးခအတွက် သူ့ကိုယ်သူ ပေးဆောင်ခဲ့ရသည်။

ပိုင်ရှင်ကလည်း နောက်ခံရှိလို့ ရဲကို ဖိအားပေးတာများလား။ 

ထို့နောက် မနေ့ညက အဖြစ်အပျက်များကို လွှဲချရန် လူသတ်မှုတွင် ပါဝင်ပတ်သက်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် သူကို ရဲများက တွေ့ရှိခဲ့သည်။ သူ့မှာ ဘာနောက်ခံမှမရှိ၍ ရဲများကလည်း လျစ်လျူရှုသွားခဲ့သည်။

မနေ့ညက ဖြစ်ပျက်ခဲ့သမျှကိုလည်း ရှင်းပြပြီးသားဖြစ်သွားသည်။တကယ်တမ်းဆို ညကဖြစ်ဖြစ်ချင်း သူ့ကိုလာဖမ်းဖို့ကောင်းသည်။သို့သော် ယနေ့မှ ရောက်ချလာပြီး လာဖမ်းခြင်းသာဖြစ်၏။မနေ့ညကတည်းက အမှုဖြစ်သူ နှစ်ယောက်လုံးကို စော်ကား၍မရမှန်း သိနေတာဖြစ်နိုင်သည်။

ပိုက်ဆံသာ ရဲဘက်က လိုချင်တာဆိုရင် သူ့မှာ ထောင်ကျဖို့သာ ရှိတော့မှာမဟုတ်လား။

You've reached the end of published parts.

⏰ Last updated: Nov 11 ⏰

Add this story to your Library to get notified about new parts!

၁၉၉၀ခုနှစ်ဆီသို့Where stories live. Discover now