Chapter 9
Ei Thet HmueOctober 03, 2024
💙Chapter 9- အချိုရည်ညနေပိုင်းတွင် ဝမ်လီချမ် သည် စတိုးဆိုင်သို့ သွားခဲ့ပြီး လျှိုဖုန်းကျန်းက လင်းလင်းကို အဝတ်အစားလဲလှယ်ရန် အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ဝူလင်းသည် သူတို့အိမ်တွင် ရက်အနည်းငယ်ကြာနေမည်ဖြစ်သည်။
နေ့ခင်းဘက်မှာတော့ ဆိုင်ကို ချန်ကုံးကျူးက စောင့်ကြည့်လေ့ရှိသည်။ပစ္စည်းပို့ချိန်ရောက်သည့်အခါ သူ့အမေက စတိုးဆိုင်ကို စောင့်ကြည့်ရ၏။ ညစာစားပြီးနောက်၊ ကုံးကျူး၏ တစ်နေကုန်အလုပ်များ ပြီးသွားသည်။
ကုံးကျူး အနားယူချိန်မှာ စနေ၊ တနင်္ဂနွေဖြစ်ပြီး အပြင်ထွက်နိုင်သည်။ထိုအခါ ဝမ်လီချမ်က အလုပ်လာလုပ်ရပြန်သည်။ထို့ကြောင့် သူ့မှာ နားကိုမနားရပေ။
ယေဘူယျအားဖြင့်၊ သူ ကုန်ပစ္စည်းသွားဝယ်ယူသည့်အခါ၊ ကုံးကျူးအား နေ့တစ်ဝက်ဆိုင်စောင့်စေပြီး အချိန်ပိုလုပ်ခအဖြစ် နေ့တစ်ဝက်လျှင် ၁ယွမ်ပေးမည်ဖြစ်သည်။
နံနက်ခင်းတွင် သူတို့သုံးယောက်လုံး နံနက်စာစားပြီးနောက် ဝမ်လီချမ်သည် လင်းလင်းကို ကျောင်းသို့ ပို့ပြီးနောက် အလုပ်သွားခဲ့သည်။ ဆိုင်ဖွင့်ဖို့ လျှိုဖုန်းကျန်းက စတိုးဆိုင်မှာနေခဲ့သည်။
ယခင်က စီးကရက်ရောင်းတာလောက် အမြတ်မများသော်လည်း စတိုးဆိုင်လုပ်ငန်းက ကောင်းနေသေးကာ သူ့ဆိုင်မှာ ဖူချမ်မှာ မရှိသည့် အသစ်အဆန်း အများကြီးရှိသည်။
ပစ္စည်းဖြန့်သော အခြားသူတစ်ဦးလည်းရှိသည်၊ချန်ကုံးကျူး ဖြစ်သည်။သူသည် အလွန်စကားပြောကောင်းပြီး အရောင်းသမားကောင်းတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ညနေစာစားပြီးနောက် ဝမ်လီချမ်သည် ချန်ကုံးကျူးအား
"ကုံးကျူး၊ မင်းဒီမှာ အသားကျနေပြီလား"
"ဟုတ်ကဲ့၊ အဒေါ်က သိပ် သဘောကောင်းပါတယ်၊ ဟင်းတွေကလည်း အရမ်း အရသာရှိတယ်၊အကောင်းဆုံးကတော့ အစ်ကိုက ကျွန်တော့်ကို ဒီအလုပ်ကို ပေးခဲ့တာပါပဲ"
YOU ARE READING
၁၉၉၀ခုနှစ်ဆီသို့
Ficción histórica💙 Description TITLE - Back to the 1990 ၁၉၉၇ ခုနှစ်တွင် မွေးဖွားသော ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူတစ်ဦးသည် ၁၉၉၀ သို့ အချိန်ခရီးသွားနိုင်ကာ ယောက်ျားလေးကိုယ်ထဲသို့ ကူးပြောင်းသွား၏။ပြီးလျှင် မိန်းမတစ်ယောက်ကို လက်ထပ်ကာ ကလေးများမွေးဖွားခဲ့သည်။ အိမ်ထောင...