chapter 13

104 16 0
                                    

Chapter 13
Ei Thet HmueOctober 03, 2024
💙Chapter 13



အနာဂတ်သို့ တစ်ဖြတ်.....

"ဟုန်ယန်၊ မနက်ဖြန် မင်းရဲ့သမီးဆီကို ဘာလို့ မသွားတာလဲ"

"ဝမ်လီချမ် ရှင် အရမ်းစိတ်မပူလို့ မရဘူးလား"

သူတို့ သမီးဖြစ်သူဆီကို လွန်ခဲ့သည့် လဝက်လောက်က သွားခဲ့၏။ သမီးဖြစ်သူက ကျန်းချမ်မြို့မှာ ကျောင်းတက်နေတာမဟုတ်ဘဲ  မြို့တော်မှာတက်နေခြင်းပင်။ ကျန်းချမ်နှင့် မြို့တော်သည် အမြန်ရထားဖြင့် ငါးနာရီကြာမြင့်ပြီး လေယာဉ်ဖြင့် နှစ်နာရီကြာနိုင်သည်။ လေဆိပ်ထဲသို့ဝင်ပြီး တန်းစီးရချိန်များ မပါဝင်ပေ။

သွားတိုင်း ကားနှင့်ဆို တစ်ရက်ကြာတတ်သည်။

သူမ၏ သမီးကို မတွေ့ချင်၍မဟုတ်။ ပင်ပန်းနေတာကြောင့်ပင်။ နောက်ဆုံး ယခု အပတ်ကုန်အထိ အိမ်မှာ အနားယူရင်း စောင့်ချင်တော့သည်။

သို့သော် ဝမ်လီချမ်က သူမသည် အိမ်မှာ ဘာမှလုပ်စရာမရှိမှန်းသိ၍ သူ့သမီးအား တွေ့ဖို့ မြို့တော်ကို အတင်းသွားခိုင်းနေခြင်းပင်။

ဝမ်လီချမ်သည် သမီးဖြစ်သူအား ပညာကို လွတ်လပ်စွာသင်ယူစေသည်။ ထို့ကြောင့် သမီးဖြစ်သူအား မြို့တော်တက္ကသိုလ်တွင် ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် တိုက်တွန်းထားသည်။

မငြင်းနိုင်သည့် နောက်အချက်တစ်ခု ရှိပါသေးသည်။၎င်းက သူမသည် သမီးဖြစ်သူအား တစ်ခါတစ်လေ မနာလိုပင် ဖြစ်မိရတော့သည်။ သို့သော် မကောင်းသည့်ဘက်က မဟုတ်ပေ။

သူမ မီးဖွားတုန်းက ဝမ်လီချမ်က သူမကို အရင်ဦးဆုံး လာမတွေ့ဘဲ သမီးဖြစ်သူကို အရင်သွားပွေ့ချီခဲ့သည်။

အကယ်၍ ဝမ်လီချမ်နှင့် သူ့မိသားစုသည် သမီးများထက် သားကို ဦးစားပေးပြီး သားလေးမွေးဖွားကြောင်း ကြားသိရသောအခါတွင်၊သားလေးအား အရင်ဦးဆုံး သွား၍ချီပိုးကြသည်ဆိုလျှင်တောင် သူမ ခံသာသေးသည်။သို့သော် သူမ မွေးထားတာက သမီးလေးတစ်ယောက်ဖြစ်နေတာတောင် ဝမ်လီချမ်က သည်းသည်းလှုပ်ချစ်သည်။

၁၉၉၀ခုနှစ်ဆီသို့Where stories live. Discover now