Chapter 14
Ei Thet HmueOctober 03, 2024
💙Chapter 14- တစ်စုံတစ်ခု ဖြစ်ပွားခဲ့၏။ဤတစ်ကြိမ်တွင်၊ ဟမ်အမ်လဲ့ကျန်းချမ် ဌာနခွဲမှလူများသည် ကားဖြင့် ရောက်လာကြသည်။ အရောင်းသမားတစ်ယောက်၊ ပန်းချီဆရာနှစ်ယောက်နှင့်ကားသမားတစ်ယောက် ရောက်လာ၏။
ဝမ်လီချမ်က သူ့အမေကို အသီးအရွက်များ ထပ်ဝယ်ခိုင်းလိုက်ပြီး ကျွေးမွေးဖို့ပြင်ဆင်ရသည်။ စာချုပ်ချုပ်ဖို့က အလွန်ရိုးရှင်းသည်။ပန်းချီဆရာက ကြော်ငြာနံရံကို ပန်းချီဆွဲဖို့ အချိန်ယူရ၏။ ပန်းချီဆရာတို့နှစ်ယောက် တစ်နေကုန် ပန်းချီဆွဲကြသည်။
နေ့လယ်စာစားချိန်တွင် ထမင်းစားနားပြီး ပန်းချီဆရာများသည် စောစောထပြီး အလုပ်ဆက်လုပ်ကြသည်။ သူကတော့ ယာဉ်မောင်း၊ အရောင်းစာရေးတို့နှင့်အတူ အရက်အတူ သွားသောက်လိုက်သည်။
သောက်ပြီးသောအခါ သူ အရက်မူးနေခဲ့၍ မာကျစ်နှင့် ချန်ကုံးကျူးက သူ့ကို အပေါ်ထပ်သို့ ခေါ်သွားပေးသည်။ထို့နောက် မာကျစ်နှင့် ချန်ကုံးကျူး တို့သည် ဌာနခွဲရှိ လူနှစ်ဦးနှင့် စကားစမြည်ဆက်ပြောနေခဲ့သည်။
မနေ့က သူ ကျန်းချမ်ကိုသွားရင်း အဆင်ပြေသော ပလတ်စတစ်အိတ်လုပ်သည့် စက်ရုံကို တွေ့သည်။ စက်ရုံတွင် ကုန်ပစ္စည်းထုတ်လုပ်မှုများပြားသော်လည်း ဖူချမ်မြို့တွင် သူ့လောက် ကုန်ပစ္စည်းကို ဝယ်ယူသူ တစ်ယောက်မျှ မရှိနိုင်ပေ။
ကျန်းချမ်မြို့တွင် ပလတ်စတစ်အိတ်များ ပြုလုပ်သည့် စက်ရုံ မည်မျှရှိသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အမှတ်တံဆိပ်က နာမည်မကြီးပါက၊ ထုတ်ကုန်တစ်ခုအတွက် ဖြန့်ဖြူးသူများ မရှိနိုင်ပေ။
ညနေပိုင်းရောက်သောအခါ သူအများကြီးမသောက်ခဲ့ပေ။သူ့ထက်သောက်သူက ချန်ကုံးကျူး နှင့် မာကျစ် ဖြစ်၏။
ရှောင်ဟုန်ယန်နှင့် ချိန်းထားရာ အိမ်လမ်းဆုံသို့ သူ ပြောထားသည့်အချိန်ထက် ငါးမိနစ်နောက်ကျမှ ရောက်လာခဲ့သည်။
ကံကောင်းစွာပင်၊ ရှောင်ဟုန်ယန် က စောင့်နေသေးသည်။
"ဟုန်ယန် တောင်းပန်ပါတယ် ကိုယ် နောက်ကျသွားတယ်"
YOU ARE READING
၁၉၉၀ခုနှစ်ဆီသို့
Historical Fiction💙 Description TITLE - Back to the 1990 ၁၉၉၇ ခုနှစ်တွင် မွေးဖွားသော ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူတစ်ဦးသည် ၁၉၉၀ သို့ အချိန်ခရီးသွားနိုင်ကာ ယောက်ျားလေးကိုယ်ထဲသို့ ကူးပြောင်းသွား၏။ပြီးလျှင် မိန်းမတစ်ယောက်ကို လက်ထပ်ကာ ကလေးများမွေးဖွားခဲ့သည်။ အိမ်ထောင...