...ပန်းကလေးလှတယ်...
ဒါပေမယ့်
အဆိပ်ဆူးတွေနဲ့...။****
... စေခ စံအိမ်တော်...စေခ စံအိမ်တော်က ဒီနယ်သာမက အခြားနယ် သုံးခုကိုပါ အပိုင်စားရသည့် မြေရှင်ကြွေးရှင် တဖြစ်လည်း သခင်ကြီး ရိုင်းစေဦးခပိုင်၏ အိမ်တော်ဖြစ်သည်။
အိမ်တော်ကြီးက အရမ်းကို ကျယ်ဝန်းလှသည့် ခြံထဲမှာ ရှိနေပြီး အနုစိတ်သော ဗိသုကာ အနုပညာများဖြင့် ဆောက်လုပ်ထားသည့် ခုနစ်ဆောင်တိုင် အိမ်တော်ကြီး ဖြစ်သည်။
ဒီအိမ်တော်မှာ အလုပ်အကျွေးပြုသည့် လူအများက အများကြီး ရှိသလို ထိုလူများအတွက်လည်း သခင်ကြီးက သီးသန့် ကောင်းကောင်းမွန်မွန် ထားပေးပါသည်။
သခင်ကြီး ရိုင်းစေဦးခပိုင်
အသက် သုံးဆယ်အရွယ်ရှိနေပေမယ့် လုံးဝကို အရွယ်က မကျသေးဘဲ တောင့်တောင့်ဖြောင့်ဖြောင့် ရှိနေတုန်းပင်။သန့်ရှင်းသပ်ရပ်မှု အပြည့်ဖြင့်ပင် ရှိနေပြီး အမြဲတမ်း သစ်လွင်မှုအပြည့် ရှိနေသည့် သူ...။ သူကိုယ်တိုင်က စီးပွားရေးရော ရုပ်ရည်ပါ ပြောစရာ မလိုသည့် အနေအထား...။
ဒီနယ်ဘက်တွေမှာ များသောအားဖြင့် ဘားတန်းစက်ဘီးလေးတွေကိုသာ အားပြုနေရသည့် အချိန် သူကတော့ ကိုယ်ပိုင် ဂျစ်ကား နှစ်စီး သုံးစီးကို ပိုင်ဆိုင်ထားသည်။
သူကိုယ်တိုင်က မြို့တော်ဝန် ဖြစ်နေပြီး နယ် လေးခုကို ပိုင်ဆိုင်ထားသည့် သူပင် ဖြစ်သည်။ များသောအားဖြင့် ပုဆိုး၊ ရှပ်လက်ရှည်၊ ပလေကပ် အပေါ်ထည်ကို အပေါ်က ရုံထားရုံမျှ...။ ခေါင်းပေါ်မှ ဆံပင်များကို အုန်းဆီဖြင့် သေချာစွာ ဖီးလိမ်းသင်ထားသည်။