... ငါ သဘောကျတဲ့
ဘယ်အရာမဆို...
ငါ ကိုယ်တိုင် မရရင် ဖျက်ဆီးပစ်တတ်တဲ့
လူစားမျိုး...။****
ယခင်အပိုင်းမှ အဆက်..."မင်းကို ပြန်မလွှတ်တော့ဘူး...။ ဒီညပဲ ငါ့အခန်းထဲကို လိုက်ခဲ့"
လူကို စူးစူးစိုက်စိုက် သူ့အကြည့်အောက်မှာပင် အရည်ပျော်သွားမတတ် ကြည့်လာသည်။ အဓိက က ဒီအခြေအနေကနေ... ပန်းနီ ဘယ်လိုရုန်းထွက်ရမလဲဆိုတာက အဓိက ပြဿနာပင် ဖြစ်သည်။
ကြီးကြီးပြောသည့်အတိုင်း ထောင်ခြောက်ထဲတော့ ရောက်နေပြီး ဘယ်လိုထွက်ရမလဲဆိုတာက ကိုယ့်ရဲ့ ဉာဏ်နဲ့ပဲ ဆိုင်တော့မည် ထင်သည်။
ချက်ချင်းဆိုသလို ကြောက်ရွံ့နေသည့် ပုံစံကို ကူးပြောင်းယူလိုက်မိသည်။ ဒီလိုအချိန်မှာ သူ့ကို အညှိုးတရားနဲ့ ဆက်ဆံလို့က ရမည် မဟုတ်။ ဒါကြောင့် တတ်နိုင်သမျှ ရင်ထဲက အမုန်းတရားများကို မြိုသိပ်ကာ... နေမိသည်။
"ပန်းနီ... အိမ်ကိုပဲ ပြန်ရမှာပါ အရှင်။ ပန်းနီသာ အိမ်ကို ပြန်တာ နောက်ကျရင် ပန်းနီ ကြီးကြီးက စိတ်ပူနေပါလိမ့်မယ်။ ပန်းနီကို ပြန်ခွင့်ပြုပါ သခင်ကြီး..."
"ဟား....ဟား....ဟား...."
ထိုအချိန်မှာတော့ မျက်စိရှေ့မှာ ထိုင်နေသည့် သခင်ကြီးဆိုတဲ့ သူက အားရပါးရ ရယ်မောလာသည်။ ထို့နောက် ပန်းနီ ပါးပြင်ကို ကိုင်လာပြီး....
"ဒါဆို အခုပဲ မင်းရဲ့ ကြီးကြီးဆီကို ငါ လာပြီး စကားပြောကြည့်မှ ဖြစ်မယ် ထင်တယ်။ မင်းကို ဘယ်ကိုမှ မလွှတ်ချင်တော့လို့ ကတော်မယားအဖြစ် တောင်းရမ်းမယ် ဆိုတာမျိုးပေါ့။"