{Unicode}
... ဒါက ငါ့ခေတ်...
ငါ့ခေတ်မှာ မင်းသား ဖြစ်ချင်နေတဲ့
မင်းကမှ ဉာဏ်မမီတာ။****
ယခင်အပိုင်းမှ အဆက်...
ဓာတ်ပြားမှ တေးသံကို နားထောင်ပြီး သူအလာကို စောင့်နေမိသည်။ ရင်ဘတ်ထဲက အိတ်ကပ်ထဲမှာ ရှိနေသည့် ဟိုက အပြန် လက်ဆောင်ကို ထုတ်ကာ ကြည့်မိလိုက်သည်။
ထို့နောက် တစ်ချက်ပြုံးပြီးသည့်နောက်... ထိုလက်ဆောင်ကို ရင်ဘတ်ထဲမှ အိတ်ကပ်ထဲသို့ ပြန်လည် ထည့်သွင်းသိမ်းဆည်းလိုက်မိသည်။
အလုပ်ကိစ္စနဲ့ ဟိုကို ရောက်နေစဥ် အတွင်း... သူက ရိုးသား ဆိုသည့် လူတစ်ယောက်နဲ့ ရင်းနှီးနေတာမျိုးတဲ့လား...။ သဘောကျစွာ ပြုံးရယ်လိုက်မိသည်။
တီးလုံးသံအေးအေးက ပျံံ့လွင့်လာသည်မို့ မျက်လုံးကို မှိတ်၊ နောက်မှ ခုံတန်းပေါ်မှာ ခေါင်းကို တင်ထားမိသည်။
~~ဖြူပြာလဲ့မူရာသွဲ့နွဲ့ ချစ်တဲ့သူခင်ရယ်
မာန်ညိုမျက်နှာထားတွေရယ်
အညှိုးကြီးနဲ့ စိမ်းတာလေလားကွယ်
ရွှေနှင်းဆီ အငုံကလေးနှယ်
နှုတ်ခမ်းတော် စူလွန်းတယ်
နေ့စဉ်စောင့်ပါလို့ရယ် နေပေမယ့်ကွယ်
ပွင့်နိုင်ခဲပါဘိတယ် သန္တာလဲ့ရယ်
ဘယ်ခါချစ်ပြုံး မာလာကိုကွယ်
ခူးဆွတ်လို့ဖုန်း မောင်နမ်းသာမယ်
ချစ်ပြုံးနှင်းဆီတစ်ပွင့်ကို
မျှော်ကာတလင့်လင့် ကြိုတင်မှန်းဆရွယ်
ဘယ်ရာသီ၀ယ် မာလာရယ်