အပိုင်း (၇)

1.8K 127 28
                                    

... မုန်းလိုက်တာ...
ဒီအမုန်းတရားက ပန်းနီနှလုံးသားထဲမှာ
တစ်သက်လုံး စွဲနစ်နေမယ့်အရာ...။

****

ယခင်အပိုင်းမှ အဆက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယခင်အပိုင်းမှ အဆက်...

အချိန် အနည်းငယ် အကြာ...


နောက်ဆုံးတော့ သူ့ရဲ့ အလုပ်သမားအဖြစ် ပန်းနီက သိမ်းသွင်းတာမျိုး ခံလိုက်ရသည်။ ပန်းနီ တတ်နိုင်သလောက် ငြင်းဖို့ ပြင်ပေမယ့် ကြီးကြီးနဲ့က ဘာသဘောထားတွေ ရှိနေသည်လဲ မသိတာမို့...။

နောက်ဆုံးတော့ ပန်းနီက သူ့အလိုအတိုင်း အဲ့ဒီအိမ်မှာ သူ့ရဲ့ ဝေယျာဝစ္စတွေ လုပ်ဖို့ လက်ဗွေနှိပ်တာကို ခံလိုက်ရမိသည်။

တရွေ့ရွေ့နဲ့ လမ်းလျှောက်လာပြီးသည့်နောက်မှာတော့ အိမ်ရှေ့ကို ရောက်မှန်းမသိ... ရောက်လာခဲ့မိသည်။ ထိုအချိန်မှာတော့ စိတ်ပူပန်မှုနှင့်အတူ အိမ်ရှေ့တံခါးဝကနေ နေပြီး ထွက်စောင့်နေသည့် ကြီးကြီး...

ကြီးကြီးကတော့ ပန်းနီကို တွေ့သည်နှင့်... ပန်းနီလက်ကို ဆွဲလာပြီး... စိတ်ပူပန်မှုအပြည့်ဖြင့်ပင်...

"ပန်းနီ... ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ... ဘာတွေ ဖြစ်ခဲ့တာလဲဟင်...။ ကြီးကြီးကို ပြောပြ... ပန်းနီကို သခင်ကြီးက ဘာတွေ ပြောလိုက်လို့လဲ..."

ကြီးကြီးက စိုးရိမ်တကြီး မေးလာသည့် အချိန်မှာတော့ ကြီးကြီးကို တစ်ချက်ကြည့်ကာ...

"အရင်ဆုံး ပန်းနီတို့ အိမ်ထဲကို အရင်ဝင်ကြရအောင်နော် ကြီးကြီး..."

ထိုအချိန်မှာတော့ ကြီးကြီးက ပန်းနီကို အကဲခတ်သလို ကြည့်လာရင်းမှ...

"သြော်... အေးအေး... ။ လာလာ... အရင်ဝင်လာခဲ့..."

ကြီးကြီးက ပန်းနီလက်ကို ဆွဲကာ အိမ်ထဲကို ခေါ်လာသည်။ အိမ်ပေါ်ကို ရောက်သည်နှင့် တံခါးကနေ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ကာ ပိတ်ပြီးသည်နှင့်... ပန်းနီဆီသို့ ပြန်ရောက်လာသည်။

ငါသနားလို့ ချမ်းသာနေတဲ့ ငါ့မယားလေးWhere stories live. Discover now