Ep-1

710 65 15
                                    

Uni

_______

𝘣𝘦𝘺𝘰𝘯𝘨  𝘧𝘳𝘰𝘮 𝘩𝘰𝘳𝘪𝘻𝘰𝘯 ..
[မိုးကုပ်စက်ဝိုင်း၏အလွန်]

" လောကကြီး ငြိမ်းချမ်းသွားတဲ့အခါ
မင်းလက်ညိုးညွှန်ရာမှာပန်းတွေပွင့်စေပါ့မယ်
မိုးကုတ်စက်ဝိုင်းကြီးရဲ့အလွန်ထိ
မင်းလက်လေးဆွဲထားပါ့မယ်
အပြာရောင်ကောင်းကင်ကြီးထက်
တောက်ပတဲ့ မင်းမျက်ဝန်းစိမ်းတွေထဲ
ကိုယ်လိုလိုလားလား ခုန်ချပါ့မယ် ဝမ်..."

___________________

~မင်းက ငါမနိုးထချင်တဲ့အိမ်မက်ပါဝမ်ရာ~

အငြိုးကြီးစွာ တိုက်ခိုက်ထားသော
မုန်းတိုင်း ဒဏ်ကို ခံစားပြီးသည့်အခါ
နောက်တစ်နေ့ ကောင်းကင်ပြာမှာ
သူမဟုတ်သကဲ့သို့ တောက်ပစွာ
အပျက်အစီးများစွာ ဖြစ်သွားသော
ကြောင့် မြို့ထဲရှိလူအတော်အများဟာ
ပြန်လည်ထူထောင်ရေးအတွက်
အလုပ်ရှုပ်နေကြသည်။

" ဒီနေ့လည်း ငါးတွေရမှာမဟုတ်ပါဘူး
မေမေကြီးရေ "

"ဘယ်တတ်နိုင်မလည်း သားရယ်"

ရှောင်းကျန့်က လှေပေါ်ကို လိုအပ်တာတွေ
တင်ပေးလိုက်ရင်းကခပ်ငြီးငြီးဆိုတဲ့အခါ
မေမေကြီးဆိုသူက သူ့ရဲ့ကျဲနေတဲ့မညီမညာ
သွားများပေါ်လာအောင်ရယ်ပြလျက်
နှစ်သိမ့်နေသည်။

" ကျွန်တော်လိုက်ခဲ့မယ်လေ စိတ်မချဘူး"

" အခြားကလေးတွေပါပါတယ်
သားဘာသာ စိတ်အေးအေးစာသင်ရင်း
နေခဲ့ပါ"

မွေးစာဖေဖေစကားကို လက်မခံချင်
ခံချင်ဖြင့်ခေါင်းငြိမ့်ပြီးနောက်
ရှောင်းကျန့်ကငါးဖမ်းလှေထွက်သွားသည်ထိ
မျက်စိတစ်ဆုံး ကမ်းစပ်တွင်ရပ်ကာ
ကြည့်နေမိသည်။ ပင်လယ်ပေါ် တလက်လက်
ရောင်ပြန်ဟပ်နေသော ကောင်းကင်ဟာ
ယနေ့မှပိုပြီးလှပနေခဲ့သလို

သတိမေ့လျော့စွာကလေးတွေစာသင်ဖို့
ပြောနေတဲ့ဖေဖေကြီးက သူ့စာသင်ခန်းလေး
တစ်စစီ ဖြစ်နေမှာကို မသိဟန်ဖြင့်
ကံကောင်းစွာပဲ မေမေကြီးတို့အိမ်နဲ့
ရှောင်းကျန့် အိမ်က များစွာပျက်စီးမှု
မရှိခဲ့သော်လည်း ရှောင်းကျန့် စာသင်ဆောင်
လေးဟာတော့ လဲကျနေသော သစ်ပင်ကြီး
အောက်၌သနားစရာကောင်းလှစွာ တစစီပါပဲ

Beyong The Horizon Where stories live. Discover now