Uni
_________
" ရှောင်းကျန့်"
" ကိုယ်မင်းကို မမှတ်မိပေမယ့် အမြဲတမ်းအမြဲတမ်း ရှာနေခဲ့တာ "
တုန်ရီနေတဲ့ ရှောင်းကျန့် အသံအဆုံး
ရှိရှိသမျှခံနိုင်ရည်တို့ ပြိုလဲပျက်စီးရသည်။
ရှောင်ပိုင်လေးကိုပွေ့ထားတဲ့ ရှောင်းကျန့်ဟာ
ဝမ်ရိပေါ်ကိုလည်းပြောက်သွားမှာဆိုးသည့်
ဟန်ဖြင့် လက်တစ်ဖက်ဖြင့် အကျီကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားခဲ့သည်။" ရှောင်းကျန့်ဘယ်သွားမလို့လည်း"
"အိမ်ကိုပြန်ကြမယ်"
"ရှောင်းကျန့်..."
ရှောင်းကျန့်ဟာ သူ့လက်ကို ကိုင်ဆွဲရင်း
ပင်လယ်ကမ်းခြေက အိမ်ငယ်လေးဆီပြေး
လွှားနေတာမို့ အတောင်တွေကို အမြန်ပင်
သိမ်းလိုက်ရသည်။ သူ့ခေါ်သံတွေကို မကြား
ဟန်ပြုရင်း သူ့ချစ်သူဟာ အိမ်ရောက်ဖို့ကို
သာ စိတ်လောလျက်" သမီးကို ခနချီထားပေးနော် ရိပေါ်"
"ရှောင်းကျန့် ! ဘာလုပ်နေတာလည်း"
" မင်းကို ကိုယ့်ဆီကထပ်ပြီးခေါ်သွား
ကြလိမ့်မယ် ဝမ်ရိပေါ်"ဝမ်ရိပေါ်ကုတင်ပေါ်တွင်ထိုင်ကာ ကလေး
ထိုးပေးရင်း တံခါးများနှင့်ရှိရှိသမျှပြတင်း
ပေါက်တွေလိုက်ပိတ်နေသော ရှောင်းကျန့်ဟာ
ဖီးနစ်ဖြူလေးအမေးကို ဖြူဖျော့နေသော
မျက်နှာဖြင့် စိတ်သောကရောက်စွာ
ပြန်ဖြေလာခဲ့သည်။" ရှောင်းကျန့် ကျွန်တော့်ဆီလာပါအုံး"
" ကိုယ်အများကြီး လွမ်းနေခဲ့တာ ဝမ်ရိပေါ်~
အများကြီး အများကြီးပဲ "ပင့်သက်ရှိုက်မှုနဲ့အတူ ခန္ဓာကိုယ်တစ်ခုလုံး
သိမ်းကျုံးဖက်ခံလိုက်ရပြီး ကျွန်တော်က
ပိုပြီး လွမ်းတာပေါ့ဆိုတဲ့စကားကို
ဝမ်ရိပေါ် မဖွင့်ဟခဲ့ဘူး ရှောင်းကျန့်
ကိုယ်က ပင်လယ်နံ့ကို သတိရတမ်းတစွာ
ရှုရှိုက်ရင်း နှလုံးသားလေးမှာများစွာနာကျင်
နေရသည်။အသွေးတွေအသားတွေ ပျက်စီးသွားဖို့
ကျွန်တော်တို့မျိုးနွယ်တွေဟာ နှစ်ပေါင်းထောင်
ချီပြီး သေဆုံးလိုက် မီးပုံထဲကနေ ပြန်လည်
ရှင်သန်လိုက်နဲ့သံသရာလည်ရင်း
ဒီလောကကြီး တနေရာမှာနေထိုင်ကြရတယ်။
မျိုးနွယ်စုကိုပုန်ကန်ပြီးလူသားတွေဆီထွက်
ပြေးခဲ့တဲ့အပြစ်အပြင် သွေးနှောလေးကိုပါ
မွေးဖွားခဲ့တဲ့ အပြစ်အတွက် သူဟာ
နှစ်တွေထောင်ချီပြီး ထိုကျောင်းဆောင်မှာ
ပိတ်ထားခံရကောင်း ဖြစ်ချင်ဖြစ်မည်။
![](https://img.wattpad.com/cover/377213748-288-k681474.jpg)
YOU ARE READING
Beyong The Horizon
Fantasía𝘣𝘦𝘺𝘰𝘯𝘨 The 𝘩𝘰𝘳𝘪𝘻𝘰𝘯 .. [မိုးကုပ်စက်ဝိုင်း၏အလွန်] Zsww Supernatural fiction Start date-28.9.2024 End date-2.10.2024