"ဒီမှာ..အဲ့ဒီဘက်က ကျွန်တော့်ကို ကြိုက်နေတာလားဗျ!!"
Mingyu ဘယ်လိုမှ သည်းမခံနိုင်တော့၍ ခပ်တည်တည်နှင့်ပင် တဲ့တိုးမေးချပစ်လိုက်တော့ တစ်ဖက်က ပန်းပင်လေးတွေ ရေလောင်းနေရာကနေ ဆက်ခနဲ ခေါင်းလှည့်ကာ သူ့ဆီ အာရုံပြုလာသည်။
သို့ပေမဲ့ သူပြောတာကို သေချာမကြားတာလိုလို ဘာလိုလိုနဲ့ သူ့ပုံစံအတိုင်း လူကို သေချာကြည့်ပြီးကာမှ မျက်နှာလွှဲသွားပြန်သည်။သေချာပြီ။
ဒီလူ သေချာမကြားလိုက်လို့နေမှာ။
ထပ်ပြောရမည်။"အဲ့ဒီဘက်က ကျွန်တော့်ကို ကြိုက်နေတာလားလို့!!!"
"ကျွန်တော့်ကို ပြောနေတာလား.?"
တစ်တောင်သာသာလောက်ပဲရှိသည့် အဖြူရောင်ဆေးသုတ်ထားသော ခြံစည်းရိုးအပုလေးဘေးနားကနေ ဟိုဘက်ဒီဘက်ကပ်လျက် ပြောနေတာကို ကျွန်တော့်ကို ပြောနေတာလားဆိုတော့ Mingyu မှာ နှုတ်ခမ်းကို တစ်ခြမ်းတွန့်ပြီးတော့သာ ရယ်ရုံပဲ တတ်နိုင်တော့သည်။
ထားပါလေ။
ထိုဟန်ဆောင်ခြင်းအပြုအမူတွေက တစ်ဖက်လူကျွမ်းကျင်တဲ့ အတတ်ပညာတွေ မဟုတ်လား။
ဒီနေ့တော့ သူက အဲ့ဒီမျက်နှာဖုံးကို ဆွဲခွာပစ်မည်။"ဒီမှာ!!!"
သူ့ဆီကို အပြည့်အဝ အာရုံရှိစေချင်၍ အသံကိုပိုမြင့်လိုက်တော့ တန်ပြန်တုန့်ပြန်လာသည့် မျက်ခွံဖောင်းဖောင်းမို့မို့လေးတွေဆီမှာ စိတ်ရှုပ်ဖွယ်ကောင်းစွာ သူ့အာရုံက သတိလက်လွတ် တစ်ချက်ငြိတွယ်သွားရသေးသည်။
ထိုမျက်ခွံတွေရဲ့အောက်က မျက်ဝန်းလေးတွေကလည်း အငြင်းပွားဖွယ်မရှိ ကြည်လင်နေသည်ကို မညာတမ်းဝန်ခံရမည်ဖြစ်ပြီး
နှာခေါင်းလေးကလဲ လုံးလုံးလေး..
ကလေးကလား..ဟွန့်.."အဲ့ဒီဘက်က ကျွန်တော့်ကို သဘောကျနေတာကို ရိပ်မိရတာမို့လို့ ဒီလောက်နဲ့ပဲ ဟန်ဆောင်နေတာကို ရပ်လိုက်ပါတော့"
"......"
"အိမ်ပြောင်းလာတဲ့ တစ်လမပြည့်ခင်လေးမှာ ကျွန်တော့်ကို တောက်လျောက်လိုက်ကြည့်နေတာ ကျွန်တော်မသိဘူးထင်နေတာလား..