တလှပ်လှပ် လွင့်နေတဲ့ လိုက်ကာစတွေနဲ့အတူ လေတိုးသံသဲ့သဲ့က ဒရောသောပါး အခန်းတွင်းကို အလုအယက် တိုးဝှေ့ဝင်ရောက်လာသည်။မှိန်ပြပြ ညအိပ်မီးအိမ်လေး၏ တစ်ကိုယ်တည်း အထီးကျန်နေမှုကို ပြတင်းကြားက ဖိတ်စင်ကျနေသည့် လရောင်က အဖော်ပြု၏ ။
ညလေပြေက အချက်ပြကာ ချင်းနင်းဝင်ရောက်လာခဲ့ပေမဲ့ ညံ့သက်ကာလက်နက်ချရလောက်သည့်အထိ အခန်းတွင်းအပူချိန်က မီးတောက်တွေအလား အလျှံတညီးညီးတောက်လောင်နေသည်။
ထိုပူပြင်းလှသည့် အပူချိန်တွေက ဘယ်လိုနည်းနဲ့မှ လျော့ကျဖို့ရာလမ်းမမြင်ဘဲ နူးညံ့အိထွေးနေသည့် အသားအရည်လေးတွေနှင့် ထိတွေ့မိလိုက်သမျှ နေရာအနှံ့အပြားတိုင်းက မီးစလေးတွေ လွှင့်စင်ပွတ်သပ်မိသည့်အတိုင်းပင် ခန္ဓာကိုယ်ဖြစ်စဥ်တစ်ခုလုံး ပေါက်ကွဲလုမတတ် တပ်မက်မှု စိတ်အစဥ်ကအပြည့်အသိပ် ဖြစ်နေခဲ့ရသည်။ထိတွေ့ပြီးရင်း..ထိတွေ့.....
ပိုင်ဆိုင်ပြီးရင်း....ပိုင်ဆိုင်နေမိချင်သည့်အထိ..အလောတကြီး မရပ်မနား ခရီးဆက်နေမိတော့ ရင်ခွင်ထဲက ခန္ဓာငယ်လေးက မနားမနေလိုက်ပါလာရသည့် ခရီးရှည်ကြောင့် သကြားခဲလေး မီးပြင်းပြင်းနဲ့ အပူပေးခံနေရသလို အရည်ပျော်လုလု ။
ခရီးပန်းမှုကြောင့် မျက်ဝန်းဖျားကနေ နားသယ်စပ်ထိ လိမ့်ခနဲ ကြွေရောင်တောက်သွားတော့ လှုပ်ရှားမှုတွေအားလုံးရပ်တန့်ကုန်ကာ နေမထိလေမထိပန်းကလေးလိုပင် ကိုယ်ရဲ့ယုယမှုအောက်မှာ ပွင့်လွှာလေးတွေ တစ်လွှာချင်း ကြွေကျသွားမှာကို စိုးရိမ်နေမိသည့်အထိ ခံစားချက်တွေက တနင့်တပိုးဖြစ်လာရပြန်သည်။
ဖြူစင်သွယ်လျဖြောင့်တန်းနေပါသည့် ခြေတံရှည်ရှည်လေးကို တမြတ်တနိုး တဖျပ်ဖျပ်နှင့်ပင် အနမ်းခြွေလိုက်ကာ အနမ်းတွေကို ဒူးရဲရဲလေးနေရာမှာ တစ်ထောက်နားလိုက်သည်။
ထို့နောက် အကြားအာရုံကို လာခလုတ်တိုက်နေဆဲ အသက်ရှူသံမျှင်းမျှင်းလေးဆီကို အကြည့်တွေကို ရှေးရှူလိုက်တော့ ထပ်ကာထပ်ကာ သိမ်းပိုက်ပစ်ချင်စရာ ချွေးစလေးတွေနဲ့ ဖရိုဖရဲ ဖူးကြွနေသည့် မျက်နှာနုနုစင်စင်လေး။
ရွှန်းစိုပြောင်လဲ့နေသည့် နှုတ်ခမ်းနီထွေးထွေးလေးကလည်း ခပ်ဟဟပွင့်အာကာ တစ်ဆက်ဆက်တုန်ရီနေ၏ ။