2

273 31 0
                                    

လက်ထပ်ပြီးမှ ချစ်ကြမယ်

အပိုင်း ၂

“ရပါတယ်။ ငါ မိန်းကလေး ရှောင်နွမ်ကို သဘောကျတယ်။” သခင်ကြီး ကျီက ဓာတ်ပုံကို ချထားလိုက်သည်။ သူရဲ့ အကြည့်တွေက အရမ်းကို စူးရှနေသည်။

ဖန့်ရှောင်နွမ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူမရဲ့ ရူးကြောင်ကြောင် သရုပ်ဆောင်မှုတွေကို သခင်ကြီး ကျီ သိသွားပြီဆိုတာ သူမ သိလိုက်ရသည်။သူမကိုယ်သူမ စိတ်အေးအောင်လုပ်ပြီး စကားစပြောဖို့ ဟန်ပြင်လိုက်ချိန် သခင်ကြီး ကျီက “ငါ ရှောင်နွမ်နဲ့ နှစ်ယောက်တည်း အေးဆေးစကားပြောစရာရှိတယ်” လို့ ပြောလာခဲ့သည်။

သခင်ကြီးဖန့်နဲ့ သခင်မ ဖန့်က အားနာနေသည်။ ဖန့်ရှောင်နွမ်က သခင်မ ဖန့်ရဲ့ လက်မောင်းကို တိတ်တဆိတ် ဆွဲထားသည်။ “ကောင်းပါပြီ၊ ကျွန်မ အနားမယူရသေးလို ပင်ပန်းနေတယ်၊ ယောကျာ်း လမ်းခဏထွက်လျှောက်ရအောင်” ဟု သခင်မ ဖန့်က ပြောလိုက်သည်။

သခင်ကြီး ဖန့်နဲ့ သခင်မ ဖန့် ထွက်သွားပြီးနောက် ဖန့်ရှောင်နွမ်က ထိုင်ခုံကို ဆွဲယူပြီး ထိုင်ချလိုက်သည်။ သူမရဲ့ အပြုအမူက ရိုင်းပြပြီး စာနာစိတ်မရှိသလို ဖြစ်နေပေမဲ့ နှောင့်ယှက်နေသလိုတော့ ဖြစ်မနေပေ။ လူတစ်ယောက်က သူရဲ့ သွင်ပြင်ပုံစံကိုပဲ ဟန်ဆောင်လို့ရတယ်၊ သူ့ရဲ့ မျက်လုံးတွေကတော့ ဟန်ဆောင်လို့မရပေ။

သခင်ကြီး ကျီက ဖန့်ရှောင်နွမ်ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ မျက်လုံးတွေကို ခဏ စိုက်ကြည့်နေသည်။ “ မိန်းကလေး၊ ကျီမိသားစုကို မင်း လက်မထပ်ချင်ဘူးမလား။ မင်းသိလား…”

“ကျီ မိသားစုအကြောင်း မင်းကို ပြောဖို့ မလိုလောက်ဘူး။ ကျီမိသားစုရဲ့ အဆင့်အတန်းကို ဒီမြို့တော်မှာရှိတဲ့ လူတိုင်း သိမယ်လို့ ငါထင်တယ်။” ဖန့်ရှောင်နွမ်ရဲ့‌ နောက်ကျောတောင့်တင်းလာသည်။ “ကျွန်မ စကားကို ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။ သခင်ကြီး ကျွန်မကို ဘာလို့ကြိုက်လဲဆိုတာ မသိပေမဲ့ ကျီမိသားစုနဲ့ ကျွန်မတကယ်ကို လက်မထပ်ချင်ဘူး။ သခင်ကြီးရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ဆွဲဆောင်ရင်လည်း ကျွန်မကတော့ လက်ထပ်မှာမဟုတ်ဘူး။ သခင်ကြီးရဲ့ အရှိန်အဝါနဲ့ ခြိမ်းခြောက်ရင်…”

လက်ထပ်ပြီးမှ ချစ်ကြမယ် (ဘာသာပြန်)Where stories live. Discover now