5

229 35 0
                                    

လက်ထပ်ပြီးမှ ချစ်ကြမယ်

အပိုင်း ၅

“လုပ်ငန်းနှစ်ဆယ်ကျော်တောင်?” ဖန့်ရှောင်နွမ် အရမ်းအံ့အားသင့်သွားပြီး မျက်စိဝေ့လိုက်သည်။ “ရှင့်ကို လက်ထပ်တာ ပိုက်ဆံရမှာကို မျှော်လင့်ပြီး လက်ထပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်မလည်း တကယ်လန့်သွားပါတယ်။”

သူမက “ရှင် အဲ့လောက်ထိ ဖြစ်စရာအကြောင်းမရှိပါဘူး။ ကျွန်မရဲ့ လွတ်လပ်တဲ့ဘဝကို အရှုပ်ထုတ်တွေနဲ့ ပြည့်နေတဲ့ ရှင့်ရဲ့ မိသားစုဆီကို ပုံပေးခဲ့တာပဲ။ ကျွန်မမိသားစုလုပ်ငန်းက အရင်ကထက် ပိုက်ဆံပိုရှာနိုင်နေတော့ကော ဘာဖြစ်လဲ? ရှင့်ကို လက်ထပ်ထားတာနဲ့ ကျေပြီမဟုတ်ဘူးလား။”

ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ အကြောင်းကို ကောင်းကောင်း သဘောပေါက်သွားသည်။ သူ့ရဲ့ ဇနီးမယားတစ်ယောက်အနေနဲ့ ထက်မြက်ပြီး လူရည်လည်သည်။ သူက ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ရဲ့ ရှည်လျားတဲ့ ခန္ဓာကိုယ်က ဖိနှိပ်တော့မယ့်အလား ပြနေသည်။ 

“သခင်မလေး ဖန့်၊ ငါ မင်းကို နောက်ဆုံးအကြိမ် သတိပေးထားမယ်။ ငါ့အကြောင်း မဟုတ်တဲ့အတွေးတွေ မတွေးမိစေနဲ့။ အဲ့လိုမှမဟုတ်ရင် ခံရမယ့်အပြစ်ဒဏ်က မင်း ခံနိုင်တာထက် ပိုပြင်းနေလိမ့်မယ်။”

ဖန့်ရှောင်နွမ် ထရယ်လိုက်သည်။ သူမရဲ့ရယ်သံက လေပြင်းတိုက်ခတ်သွားသလို ထင်ရှားပီသနေသည်။ “သခင်လေးကျီ၊ ရှင်ကိုယ်ရှင် အထင်ကြီးလွန်းနေတာလား? ရှင့်အကြောင့်ကို ကျွန်မက ဘာလို့ မဟုတ်တာတွေ တွေးရမှာလဲ? ဘယ်လို ဟာသကြီးလဲ? ကျွန်မက ငယ်ရွယ်ပြီး လှပတယ်။ ကျွန်မထက် အသက်ရှစ်နှစ်တောင်ကြီးတဲ့ လူတစ်ယောက်အကြောင်းကို ကျွန်မက ဘာလို့မဟုတ်တာတွေ တွေးနေရမှာလဲ။ ဘာလဲ၊ ကျွန်မကို ယောကျာ်လေး ငယ်ငယ်ချောချောတွေက စိတ်မဝင်စားဘူးလို့ ရှင်ထင်နေလို့လား?”

သူ့ရဲ့အသက်ကို တည့်တိုးကြီး မနှစ်မြို့ကြောင်း ပြောတဲ့အတွက် ကျီလင်းချန်ရဲ့ မျက်နှာပျက်သွားသည်။ သူက သူမကို “ သခင်မလေးဖန့်၊ ကျီမိသားစုကို မင်းလက်ထပ်ထားရင် ကျီမိသားစုရဲ့ စည်းကမ်းတွေကိုလည်း မင်းလိုက်နာရမယ်။ မင်းပြောသမျှ၊ လုပ်သမျှတွေက ကျီမိသားစုရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေတယ်။ ကျီမိသားစုဂုဏ်သတင်းကို ထိပါးစော်ကားတဲ့စကားတွေ ငါမကြားချင်ဘူး” လို့ ထပ်သတိပေးလိုက်သည်။

လက်ထပ်ပြီးမှ ချစ်ကြမယ် (ဘာသာပြန်)Where stories live. Discover now