လက်ထပ်ပြီးမှ ချစ်ကြမယ်
အပိုင်း ၄
ဖန့်ရှောင်နွမ် ထင်ထားသည့်အတိုင်း ဖြစ်နေပုံရသည်။ အဲ့ဒီလူကလည်း ဒီမင်္ဂလာပွဲကို ငြင်းဆန်ခဲ့သည်။ သူမ အဲ့ဒါကို တွေးမိတဲ့အချိန်မှာပဲ သူမရဲ့ နီရဲနေတဲ့ နှုတ်ခမ်းလေးတွေ ကော့တက်သွားသည်။ ဒါက အရမ်းကောင်းတာပဲ။
သခင်ကြီးဖန့်က ဖန့်ရှောင်နွမ်ရဲ့လက်ကို ကျီလင်းချန်ဆီ ရင်တမမနဲ့ပဲ လှမ်းပေးလိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ လက်ချောင်းလေးတွေက အေးစက်နေပြီး ကျီလင်းချန်ရဲ့ လက်ကတော့ နွေးထွေးနေသည်။ သူတို့နှစ်ယောက် ထိလိုက်တဲ့အချိန်မှာပဲ ဖန့်ရှောင်နွမ်က သူမရဲ့ လက်ကို မသိစိတ်ကနေ လျင်မြန်စွာ ဖြုတ်ချလိုက်ချင်နေသည်။ ကျီလင်းချန်က သတိထားမိသွားသည်။ သူက မြန်မြန်ပဲ သူ့ရဲ့လက်နဲ့ သူမရဲ့လက်ကို တင်းကျပ်စွာ ဆွဲထားလိုက်သည်။
ဖန့်ရှောင်နွမ် လန့်သွားသည်။ သူမ ခေါင်းမော့ပြီး ကျီလင်းချန်ရဲ့ စူးရှတဲ့အကြည့်တွေနဲ့ စုံလိုက်သည်။ သူမ ခဏနားပြီး အသက်ရှုရှိုက်ရင်းနဲ့ ရယ်မောလိုက်သည်။ “ဘာ? ရှင်က ကျွန်မ ကတိ မတည်မှာ ကြောက်လို့လား?”
ကျီလင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ သူမရဲ့ ခေါင်းက ပုဝါကို ဆန့်ချပေးဖို့ လုပ်နေရင်း၊ “မင်းက ကတိမတည်မှာ? မင်းသာ ကတိမတည်ရင် မင်းတို့ ဖန့် မိသားစုက နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာလား” လို့မေးပြီး ခြိမ်းခြောက်လိုက်သည်။
သားကလည်း အဖေလိုပဲ၊ သူတို့ရဲ့ ခြိမ်းခြောက်တဲ့ပုံစံတွေက အစ ဝေခွဲမရအောင် အတူတူပင်။ ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို မကျေနပ်တဲ့အကြည့်တွေနဲ့ ကြည့်နေသည်။ ဒီလူက တကယ်ကို ဒီလက်ထပ်ပွဲကို မလိုလားခဲ့ဘူးပဲ။ သူမသာ ကတိမတည်ရင် သူဖြစ်နေချင်တဲ့အတိုင်း ဖြစ်သွားမှာမလား? “ဘာလို့လဲ?”
ဖန့်ရှောင်နွမ်က အတွေးထဲမှာ နစ်မျောနေပြီး ကျီလင်းချန်ရဲ့ မျက်နှာကနေ သူမရဲ့ အကြည့်တွေက တစ်ဖဝါးမှ ခွာမနေပေ။ တခြားသူတွေအဖို့တော့ ချစ်စကြင်နာစ ဇနီးမောင်နှံက ချစ်မေတ္တာတွေနဲ့ တစ်ဦးကို တစ်ဦးကြည့်နေပုံရပေမဲ့ သူတို့အတွက်တော့ မနှစ်မြို့စရာဖြစ်နေခြင်းပါ။
YOU ARE READING
လက်ထပ်ပြီးမှ ချစ်ကြမယ် (ဘာသာပြန်)
RomanceName - Love After Marriage, He Got A Free Wife Type - webnovel Genre - Josei, Mature, Romance Tags - Authors - sisi Myanmar trans - Khat Team Chapters - 320 This Story Isn't Mine. We're Just Translation. All Credit To Original Author And English...