3

255 30 0
                                    

လက်ထပ်ပြီးမှ ချစ်ကြမယ်

အပိုင်း ၃

“အသက်နှစ်ဆယ်? သူမကို ကျီဝမ့်ကို ပေးလိုက်။ သူမက သူ့ရဲ့ အကြိုက်ပဲ။” ကျီလင်းချန်က စာနာမှုမရှိ မစဉ်းစာဘဲ ပြောလိုက်သည်။

“ခွေးကောင်!” သခင်ကြီး ကျီက လက်ဖက်ရည်ခွက်ကို အသံခပ်ပြင်းပြင်းနဲ့ ချလိုက်သည်။ “သူမက မင်းရဲ့အနာဂတ် ဇနီးလောင်းပဲ။ မင်းရဲ့တူကို သူမကို ဘယ်လိုပေးရက်နိုင်ရတာလဲ။” သခင်ကြီးကျီက သူ့ရဲ့ စီးပွားရေးကြောင့်သာ မဟုတ်ရင် ကျီလင်းချန်ကို တွေ့မှာတောင် မဟုတ်ဘူး။ သူ့ရဲ့ ဒုတိယသားက အလွန်ပုန်ကန်တတ်သည်။ သူက အမြဲတမ်း သခင်ကြီး ကျီကို ပြန်ပြောတတ်သည်။ သူနဲ့ အမြဲစကားများရတာ သခင်ကြီး အတွက် ခေါင်းကျိန်းစရာတစ်ခုပဲ။

“အဖေ သူမကို ကျီဝမ့်ကို မ‌ပေးချင်ရင်လည်း သူမကို ကျွန်တော်တို့ မိသားစုထဲဝင်ဖို့ ဆုံးဖြတ်ထားတဲ့ သူကပဲ လက်ထပ်သင့်တယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော့်ထက် ငယ်တဲ့မိထွေး တစ်ယောက်ရှိလည်း ကိစ္စမရှိပါဘူး”

“ကျီလင်းချန်” သခင်ကြီးကျီရဲ့ မျက်နှာက နီရဲလာပြီး အရမ်းစိတ်ဆိုးနေသည်။ “ ဒီအချိန်မှာ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး။ လက်ဖွဲ့ပစ္စည်းတွေလည်း အကုန်ပေးပြီးပြီ။ လက်ထပ်မယ့်ရက်လည်း ရွေးပြီးသွားပြီ။ ငါ ပြောမယ်၊ မင်း ဒီတစ်ခါ လက်ထပ်ကို ထပ်ရမယ်။”

ကျီလင်းချန်ရဲ့ အကြည့်က စူးရှနေပြီး “မဖြစ်နိုင်ဘူး။” လို့ ရဲတင်းစွာ ပြောခဲ့သည်။

သခင်ကြီး ကျီရဲ့ ရင်ဘတ်က ပြင်းပြင်းရှရှနဲ့ လှုပ်ရှားနေသည်။ လက်ထပ်ပွဲကို ငြင်းဆိုတဲ့ ကျီလင်းချန်ကို သူကြည့်လိုက်ပြီး သူ့ရဲ့ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်သည်။ “မင်းသာ လက်ထပ်လိုက်၊ အဲ့ဒီလူအကြောင်း အကုန် ငါပြောပြမယ်။”

ကျီလင်းချန် ဘာမှမပြောတော့ပေ။ သူမျက်လွှာချလိုက်ပြီး သခင်ကြီး ကျီကို ကြည့်လိုက်သည်။ “အဖေ သိသွားပြီလား။”

သခင်ကြီးကျီက ဘာမှပြန်မဖြေပေ။ သူ့ရဲ့ တုတ်ကောက်ကို မှီလိုက်ကာ သူရဲ့သားကို ထပ်ပြီးသတိပေးဖို့ ထရပ်လိုက်သည်။

လက်ထပ်ပြီးမှ ချစ်ကြမယ် (ဘာသာပြန်)Where stories live. Discover now