မျက်နှာသွားသစ်မယ်ဆိုပြီးကြာနေတဲ့တယောက်ကို ကားရခဲ့ပြီးဆိုတဲ့အကြောင်း ပြောဖို့ Gem ရေချိုးခန်းဘက်အလာ ဖုန်းပြောနေတာကြောင့် Gem အခန်းတံခါးအကွယ်ကနေ ရပ်နားထောင်နေခြင်းပင်...
တဖက်ကပြောနေတဲ့သူက Natawat ရဲ့အမေထင်ပါတယိ... စကားတွေထဲ သူ့နာမည်လဲပါနေသည်။
တဖက်ကပြောသမျှ အတိုင်းသားကြားနေရတဲ့ Gemini က ဖုန်းတဖက်ကအသံတွေသာ တိတ်သွားတယ် တခွန်းမျှပြန်မပြောပဲ ရပ်ကာငြိမ်နေတဲ့ Natawat ကြောင့် ၀င်သွားရမလား..လှည့်ပြန်ရမလား ဝေခွဲမရဖြစ်နေသည်။Natawat က သူ့အမေကိုတောင် ပုန်ကန်ပြီး Gemကိုကာကွယ်ပေးနေတာတဲ့လား.....သူကြားရသလောက် ဒီနေ့သူ့ကိုကာကွယ်ပေးခဲ့တာကြောင့် Natawat အမေက ဒေါသဖြစ်နေတာထင်တယ်....
Natawat နဲ့သူ့အမေရဲ့ဆက်ဆံရေးက မပြေလည်ကြမှန်း Gem ရိပ်မိပေမယိ့ ဒီလောက်ထိတော့မထင်ထားခဲ့ပါ။
ရေချိုးခန်းဘက်ကနေ ပစ်စည်းပြုတ်ကျသံလိုကြားတာကြောင့် Gem ပြေး၀င်လာခဲ့သည်။
"Natawat!... Natawat မင်းအဆင်ပြေရဲ့လား!...ငါ၀င်လာခဲ့မယ်နော်"
လော့မချထားတဲ့တံခါးကြောင့်ဆွဲဖွင့်လိုက်စဉ် အခန်းထဲ လဲကျနေတဲ့ Natawat....
"ဟေ့.... Natawat!...ဘာဖြစ်တာလဲ..ငါပြောတာကြားလား "
အင်္ကျီချွတ်ထားရက် လဲကျနေတဲ့ Natawat ကို သူပုခုံးကနေ ဆွဲပွေ့လိုက်လျှငိ သူ့လက်မှာ ခံစားမိလိုက်တဲ့ စိုစိုအိုက်အိုက်အထိအတွေ့ကြောင့် လက်ကိုဖြန့်ကြညိ့လိုက်တော့ သူ့လက်ဖဝါးမှာကပ်ပါလာတဲ့ နီနီရဲရဲသွေးတွေ.......
"မင်းသေနတ်ထိထားတာလား....."
သတိမေ့နေတဲ့ Natawat ကိုGem ရင်ခွင်ထဲဆွဲဖက်လိုက်သည်။
"ဒီလောက်ကြာပြီးကို မငိးဘာလို့ငါ့ကိုမပြောရတာလဲ Natawat "
Natawat ကို ပွေ့ချီထုတ်ကာ အိပ်ယာပေါ် တင်လိုက်သည်။
အနာရှိန်ရော အဲကွန်းထဲ အကြာကြီးနေခဲ့ရတာရောကြောင့်ထင်တယ် အဖျားတွေပါတက်နေသည်။"Natawat..ဘာမှမဖြစ်နဲ့ဦးနော်..ကားလာတော့မယ်"
ဒဏ်ရာကို Gem သေချာကြည့်တော့ သိပ်မနက်ပဲ ရှပ်ထိထားပုံရသည်။

YOU ARE READING
Invests With Heart (Completed)
Fanficကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...