Chapter 9

623 88 0
                                    

Chapter - 9



သမီးဖြစ်သူ​၏ ရိုင်းစိုင်းလှသော စကားကြောင့် အန်တီချန်တစ်ယောက် သမီးအား ဖြန်းခနဲရိုက်လိုက်သည်။

"နင် ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ။ သွား၊ အောက်မှာ အဝတ်သွားလှမ်းချေ"

ထိုအခါ လီဟုန်က "အမေ၊ ဘာလို့ ကိုယ့်သမီးထက်သူစိမ်းကို ကောင်းပေးနေရတာလဲ။ သမီးကမှ အမေ့သမီးနော်" ဟု အော်ပြောကာ အောက်သို့ ဆင်းသွားသည်။

အန်တီချန်မှာမူ အားနာစွာဖြင့် "တောင်းပန်ပါတယ် စစ်စစ်ရယ်။ အန်တီ့သမီးက အငယ်ဆုံးဆိုတော့အလိုလိုက်ထားခဲ့ရတာ။ အခုကျ ဆိုးတယ်" ဟု တောင်းပန်လိုက်သည်။

ထိုစဉ် ချွေးမ ထွက်လာပြန်ကာ "အမေ၊ သမီးသာဆိုလည်း ဒီလို မဖြစ်စလောက် အသီးအရွက်လောက်ကို ယူလာရမှာတောင် ရှက်နေမှာ" ဟု ပြောကာ မီးဖိုထဲသို့ ဝင်သွားသည်။

အန်တီချန့် ခမျာ မည်ကဲ့သို့ တောင်းပန်ရမည်ကိုပင် မသိတော့ချေ။

"ဒါနဲ့ သမီးတို့အိမ်က အသီးအနှံတွေက အရည်အသွေး ကောင်းလှချည်လား။ ဆောင်းရာသီမှာတောင် ဒီလောက် ဖွံ့ဖြိုးတယ်"

"ဟုတ်တယ် အန်တီရဲ့။ သမီးတို့အိမ်က စိုက်ခင်းက ဆောင်းတွင်းလည်း အသီးအနှံတွေ သေချာဖြစ်ထွန်းတယ်" ဟု ယန်စစ်စစ်တစ်ယောက် ညာလိုက်ရသည်။

နေ့စဉ် နေ့တိုင်း ဈေးသွားဝယ်နေကျဖြစ်သော အန်တီချန်က "ကောင်းတာပေါ့ သမီးရယ်။ ပိုက်ဆံ မကုန်ပဲ ကောင်းကောင်းစားလို့ရတာပေါ့" ဟု အားကျစွာ ပြောလေသည်။

ထိုသို့ပြောနေစဉ် အဝတ်သွားလှန်းသော လီဟုန် ပြန်ရောက်လာပြီး ယန်စစ်စစ် ရှေ့တည့်တည့်တွင် ရပ်နေသည့်အခါ ယန်စစ်စစ်က အလိုက်သိစွာဖြင့် "အန်တီချန်၊ သမီး သွားလိုက်ဦးမယ်နော်" ဟု နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

လီဟုန်သည် "တကယ်ပါပဲ။ အမေမလို့ ဒီလိုအသီးအရွက်နဲ့ ကျေးဇူးလာတင်တဲ့သူကို စကားလက်ခံပြောနေတယ်" ဟု အပြစ်တင်ကာ ခြင်းထဲမှ ပစ္စည်းများ ထုတ်လိုက်မှ အောက်တွင် ကြက်သားကိတ်၊ ပျားရည်၊ နွားနို့နှင့် ယုန်ကောင်လုံးပေါင်းတို့ ပါသည်ကို ပါးစပ် အဟောင်းသား တွေ့လိုက်ရသည်။

ထိုအခါ သူမ မချေမငံ့ ဆက်ဆံမိလိုက်သော ယန်စစ်စစ်အား မျက်နှာပူသွားတော့သည်။

ယန်စစ်စစ်သည် ပြန်လာသောအခါ သူမ စုထားသော ပိုက်ဆံများ ကုန်သွားပြီ ဖြစ်သောကြောင့် အသီးအနှံများ ရောင်းကာ ပိုက်ဆံပြန်ရှာမည်ဟုဆုံးဖြတ်လိုက်သည်။

နေရာလွတ် နယ်မြေသို့ ရောက်သောအခါ စတော်ဘယ်ရီသီးများ သီးနေသည်ကို တွေ့လိုက်ရသည်။

ဤနယ်မြေမှ စတော်ဘယ်ရီသီးများသည် ပုံမှန် စတော်ဘယ်ရီသီးများနှင့် မတူပဲ ချိုစိမ့်ကာနေသည်ကို သတိထားမိသောအခါ ရောင်းပန်းလှမည်ကိုသူမ တွေး၍ ပျော်နေမိသည်။

ထိုသို့ တွေးကာ ပျော်နေစဉ် အိမ်ရှေ့မှ တံခါးလှပ်သံကို ကြားသောအခါ ချက်ချင်း နယ်မြေမှ ထွက်လာပြီး ဖိနပ်အား ကုတင်အောက်သို့ သွင်းလိုက်ပြီး အိပ်ယာပေါ်သို့ လှဲကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

အခန်းတံခါးသို့ ဖွင့်လိုက်သူမှာ မစ္စယန် ဖြစ်သည်။

မစ္စယန်သည် သမီး အိပ်နေသောကြောင့် အခန်းတံခါးအား ဖွဖွလေး ပိတ်ခဲ့သည်။

တံခါးပိတ်လိုက်သံကို ကြားပြီးမှ ယန်စစ်စစ်သည်အပြင်အား တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။

မီးဖိုခန်းထဲတွင် ဟင်းချက်နေသည်ကို မြင်ခါမှ ကိုယ်ပေါ်မှ ဖုန်များအား သန့်ရှင်းကာ အိပ်ယာမှ နိုးခါစ ပုံစံဖြင့် " မား၊ ပြန်လာပြီလား" ဟု ဟန်ဆောင်မေးလိုက်သည်။

"ပြန်လာပြီ သမီးရေ..." ဟု ပြောရင်း စားပွဲပေါ်သို့ကြည့်မိလိုက်သောအခါ လတ်ဆတ်သော အသီးအနှံများကို တွေ့ပြီး "စစ်စစ်၊ ဒါတွေက အရမ်းလတ်ဆတ်တာပဲ။ သမီး ဝယ်လာတာလား" ဟု မေးလိုက်သည်။

ယန်စစ်စစ်လည်း ဆွံ့အသွားကာ "ဟုတ်တယ် အမေ" ဟု ဖြေလိုက်ရသည်။

ညသန်းခေါင်သို့ ရောက်သောအခါ ယန်စစ်စစ်သည် နေရာလွတ် နယ်မြေထဲသို့ ခြင်းတောင်းအား ယူလာကာ ရောင်းချရန် အသီးအနှံများကို ထည့်လိုက်သည်။

ထို့နောက် သူမအား မည်သူမှ မမှတ်မိစေရန် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်လိုက်ပြီး မျက်နှာအား ဖုန်မှုန့်တချို့ သုတ်လိမ်းကာ မှောင်ခိုဈေးကွက်သို့ ထွက်လာခဲ့သည်။

သူမသည် မှောင်ခိုဈေးကွက်ရှိရာ နေရာနှင့် နီးကပ်လာသည်နှင့်အမျှ တိတ်ဆိတ်မှုကို ခံစားလာရသောကြောင့် သူမ ဆက်သွားရန် အတော်လေးတွန့်ဆုတ်နေသည်။

ထိုအချိန်တွင် သူမအား တစ်စုံတစ်ယောက်က လက်ဖမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။

ထို့နောက် ကွဲအက်သော အသံဖြင့် "နင် ဘာလို့ ဒီနားကို ရောက်လာတာလဲ။ မှောင်ခိုဈေးကွက်က မကောင်းတဲ့သူတွေ အများကြီးပဲ" ဟု ပြောသည်။

ယန်စစ်စစ် ဘာမှပြန်မပြောနိုင်ခင်မှာပင် သူမအား နူးညံ့သော အသံဖြင့် "ဒီမှာ နင် ဘာလုပ်နေတာလဲ။ အိမ်ပြန်တော့ အမေက နင့်ကို မျှော်နေတာ" ဟု ပြောသည်ကို ကြားလိုက်ရပြန်သည်။

၁၉၇၀ခုနှစ်ကသမီးချောလေးWhere stories live. Discover now