Netherlands မှာရှိတဲ့
Giethoorn village (Dutch Venice) လို့လူသိများတဲ့ သာယာလှပတဲ့ ရွာလေးတစ်ရွာရဲ့ နွေရာသီမနက်ခင်းလေး တစ်ခုမှာ
ကောင်လေးတစ်ယောက်ကတော့ လှလှပပလေး အိပ်မောကျနေလေရဲ့။မနက်ခင်း နေရောင်ခြည်က ပြတင်းပေါက်မှာကာထားတဲ့ လိုက်ကာကို ထိုးဖောက်၍ ထိုမျက်နှာ လှလှလေးပေါ် ဖျာကျလာလေတော့ လူကအလိုလိုမျက်နှာရှုံ့မိပြီး လှုပ်စိ" ဖြစ်လာလေသည်။
'တွီးးးးးတွီးးးးး'
ဖုန်းအသံမြည်လာတော့ အသံလာရာ ဘေးစားပွဲပေါ်မှာတင်ရှိတဲ့ ဖုန်းကို မျက်လုံးမပွင့်တစ်ပွင့် အိပ်ချင်မူးတူးနဲ့လှမ်းယူပြီးကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ "ဗျောင်ဝူး" ဖြစ်သည်။
"ဟယ်လို..."
" ဆောနူးအား ဒီနေ့မင်းသင်တန်းပိတ်တယ်မလား ငါတို့အပြင်သွားရအောင်လေ အပြင်တူတူမထွက်ဖြစ်တာတောင် ကြာပြီကို"
"အင်း ဘယ်သွားကြမလည်း"
"အရင်တစ်နှစ်က ငါတို့သွားမယ်ပြောပြီး မရောက်ဖြစ်တဲ့ Keukenhof Tulip Garden ကိုသွားကြမလား ဒီအချိန်က ပွဲတော်ကာလဆိုတော့ ပိုပျော်စရာကောင်းမယ်ထင်တယ်"
"အားးးဟုတ်သားပဲ ဒီအချိန်တောင်ပြန်ရောက်လာပြီကိုး သွားကြမယ်လေ ငါလည်းမနက်စာ မစားရတေးဘူး တစ်ခါထဲ မနက်စာပါတူတူဝင်စားကြရအောင်"
"Ok Sunoo ဒါဆို ငါဂျီဟိုကိုသွားခေါ်ပြီးလာခဲ့မယ် မင်းအဆင်သင့်လုပ်ထား"
"အင်း ဒါပဲနော် ဗျောင်ဝူး"
ဖုန်းချလိုက်ပြီး ကုတင်ဘေးဘက်နားက ဆွဲလက်စတန်းလန်းဖြစ်နေသော tulip ပန်းခင်းပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီး မြန်မြန်ထကာ ရေချိုးခန်းထဲ ပြေးဝင်လာခဲ့လိုက်တယ်။
ကျွန်တော်ကပန်းချီဆရာတစ်ယောက်လေ ပန်းချီသင်တန်းလေးတစ်ခုဖွင့်ထားတာ ဒီနေ့ကတော့ ကျွန်တော်သင်ပန်းပိတ်ရက်ဖြစ်တယ်။ဒါကြောင့်မလို့ အိမ်မှာပဲ အေးဆေးနေပြီး ပန်းချီကားအသစ်တွေဆွဲဖို့ စဉ်းစားထားတာ ဒါမဲ့ အခုတော့ အစီစဉ်ပြောင်းသွားပြီ။ ကျွန်တော့်ရဲ့ အပျော်ဆုံးအချိန်ကတော့ ပန်းချီဆွဲနေတဲ့အချိန်ပဲ
.
.
.

YOU ARE READING
Tulip (Sunki)
Любовные романы"နီခီ Tulip လေးတွေကအရမ်းလှတာပဲနော်" "အင်းး tulip တွေကိုသဘောကျတဲ့ အလှလေးက ပိုလှတယ်" #Sunki